ကျေနပ်တယ်
မင်းကြောင့်ကျတဲ့
ငါမျက်ရည်တွေ
ချောင်းစီးပါစေ...။
မင်းကိုလွမ်းလို့
ငါ့ရဲ့အိပ်ပျက်ညတွေ
မရေတွက်နိုင်ပါစေ...။
မင်းအကြောင်းဆွေးလို့
ငါရဲ့အသည်းတွေ
ကျွမ်းသွားပါစေ...။
မင်းပျော်ရွှင်ဖို့
ငါဟာထာဝရ
လိုက်လျော့နေတယ်...။
မင်းကိုချစ်မှ
င့ါရဲ့မျှော်လင့်ချက်တွေ
ဆုံးရှုံးတော့မယ်...။
ဒါပေမယ့်ကွယ်
ငါ့ရင်မှာလေ
မင်းကို
အပြစ်ဆိုဖို့ဆိုတာဝေး
အချစ်ပိုနေမြဲမို့
ဒါတွေအားလုံးအတွက်
ငါကျေနပ်နေတယ်...။
................
၁-၆-၂၀၀၉
၂၂:၅၁ pm
1 အကြံပြုချက်တွေ:
ဒီခေါင်းစဉ် လေးလိုဘဲ
ကျုပ်ကိုကော ကျေနပ်ပေးနိုင်မှာလား.....
ကျုပ်က ခင်ဗျားဘဲ မဟုတ်တော့ ကျေနပ်မှာမဟုတ်ဘူးထင်တယ်နော်.....
Post a Comment