Friday, July 16, 2010

မမ မရှိတော့တဲ့နောက်

မမ မရှိတဲ့နောက်
ဟို..တုန်းက
လှပစိုပြေနေခဲ့တဲ့ Gtalk ဟာ
အခုချိန်မှာတော့
ခြောက်သွေ့သွေ့နဲ့ပေါ့…။

မမဟာ..
ငါ့နှလုံးသားထဲကို
မခေါ်ဘဲဝင်လာ
ပြီးတော့
မနှင်ဘဲနှင့်ဘဲ
ထွက်သွားလေတော့
ဒဏ်ရာတွေကို တပုံတပင်ကြီး
ပွေ့ပိုက်ရင်းနှင့်
အလွမ်းဒဏ်တွေသင့်ပြီး
ကျန်နေခဲ့ရတဲ့ ငါ့ဘဝအတွက်တော့
ငါ့ရင်ထဲမှာ
မမနှင့်ပတ်သက်ပြီး
အမှတ်တရတွေ
ပြည့်လျှံနေလေရဲ့…။

Read more...

Friday, July 9, 2010

လွမ်းမပြယ်

လွမ်းမပြယ်


~~~~



မုန်းခဲ့ပြီနော်...

အပျော်ကင်းမဲ့ နွမ်းရင်ထဲ၌

ရင်တွင်းလှိုက်ပို့ ရှုက်ငိုပူဆွေး

လွမ်းတဲ့အသည်း ကျွမ်းခဲ့လေပြီ။

Read more...

မုသားမဲ့သစ္စာ

မုသားမဲ့သစ္စာ


~~~~~~~~~~~~
မပျက်သစ္စာ

ဆိုပြီးခါမှ

ရှောင်ခွါထွက်ပြေး

ဟိုအဝေးကို

သူလေလမ်းခွဲ

သွားရက်တယ်။

Read more...

Connection ကျနေတယ်

ငါ့ ရင်ထဲကို


sign in နဲ့ ဝင်လာပြီး

sign out နဲ့ပြန်ထွက်သွားတော့

မင်းကငါ့နှလုံးသားကို

Google က service လို့ထင်နေလား။

Read more...

ခြေဆေးတတ်သူ မလာရ

ဒို့...

အသဲရေအိုင်ငယ်မှာ

မင်းဝင်ခြေဆေးလို့

အချစ်လှိုင်းတွေ

ဝေခဲ့ရှာတယ်။



ရေလွှာမှာ

ခြေရာလည်းပျောက်

ရေဟာလည်း

နောက်ခဲရတယ်။

Read more...

အချစ်ဦးမို့

ပိတောက်ဝေသော ကြွေရက်တောနဲ့


ဥသြမြူးထူး နွေလေရူးမှာ

အတူတွယ်တာ ကြင်နာရစ်ပတ်

ဂီတသံစဉ် အချစ်လေးတွေ

ဝေခဲ့တယ်။



ပက်သွင်းမုတ်သုန် ပုလဲငုံသို့

မြူးခုံရွှင်မြ မိုးအရသာ

တိုး၍ရင်မှာ ရွှင်ကြည်စွာနဲ့

ပိုကာလှိုက်မော မင်းအပြောတွေ

အကြည့်တွေကြောင့် ဒို့ကကြည်နူး

ရင်ထဲမြူးခဲ့။

Read more...

မုန်းလိုက်ပြီ

တခြုံကွယ် တမယ်မေ့
အိုင်တွေ့ရင် ခြေဆေး
တွေ့ရင် လွမ်းအောင်ချွဲ့တဲ့
အသဲခွဲသူ သည်လိုလူကို
ကြည်ဖြူနေရာ ပေးခဲ့ပေမယ့်
“ဒို့ဟာ”သူ့ကို မုန်းလိုက်ပြီ။
....................
၁၈-၀၆-၂၀၁၀

Read more...

ဝေဒနာကဗျာ

“နွယ်”ရယ်..
ကြယ်ကြွေသောည အကာလမှာ
လောကတိတ်ဆိတ် လူတွေအိပ်လည်း
အိပ်စကမရ ဒဏ်ခက်လှတဲ့
ဘဝအရေး စိတ်ကတွေးပြီး
ရင်ထဲကသွေးနေရတယ် “နွယ်”ရယ်။

လမင်းထိန်ထိန် သာနေချိန်ဝယ်
မငြိမ်စိတ်လေး ချစ်အရေးကြောင့်
အတွေးနှောင်မျှင် ရွှေလက်တင်၍
ကိုယ့်ရင်ထဲမှာ ရွှေလသာရယ်
ကဗျာလေးတွေ ပြောပေးပါလား
သူထံပါးကို ပြေးလွှားမြန်မြန်
စေတမန်ရယ် ခွန်းသံတွဲ့တွဲ့
နွဲ့နွဲ့ကလေး သဲသဲရွဲလို့
ဝေ့ဝဲချိုမြ ဂီတသံစဉ်
ပေးပို့ချင်တယ် “နွယ်”ရယ်။

Read more...

Thursday, December 3, 2009

မှတ်သားစရာအဆိုအမိန့်များ (၃)

အမေ့မှာတမ်း
......................
အမေက သားကိုမှာတယ်။
“ဘဝဆိုတာ ချောမွေ့ကြည်လင်နေတဲ့ ကျောက်သလင်း လှေကားထစ်တွေမဟုတ်ဘူး။
ဘဝခရီးအတက်လမ်းမှာ သံမှိုတွေရှိတယ်။ ဆူးငြောင့်တွေ၊ အဖုအထ်တွေရှိတယ်။
ဘဝအတက် လှေကားပျည်ချပ်တွေကလည်း ဆွေးလို့ တချိန်လုံးတက်နေရတာပဲ။
လှေကားထိပ်ကိုရောက်သွားတဲ့အခါ ဒေါင့်ချိုးနေရာတွေကို တွေ့ရမယ်။ တခါတရံ
အမှောင်ထဲလဲ သွားရတယ်။ မီးမရှိတဲ့နေရာတွေပေါ့။

ဒါပေမယ့် နောက်ပြန်မလှည့်နဲ့သား။ ပင်ပန်းလှပါရဲ့ဆိုပြီး လှေကားထစ်တွေပေါ်မှာလည်း
ရပ်မနေနဲ့။ လိမ့်လို့လည်း မကျစေနဲ့။ သားတာဝန်ကတော့ ဆက်ရမှာပါပဲ။ နားမနေနဲ့သား။
ဆက်တက်။ဆက်တက်။ ဆက်သွား။ ဆက်သွား။ ဘဝဆိုတာ ကျောက်သလင်း
လှေကားထစ်တွေလို ချောမနေဘူး။”
.....................
(ဒင်နီယယ်ကနေဒီ)

ဝန်ခံချက်။ ။

ဘယ်စာအုပ်ကကူးတယ်ဆိုတာမမှတ်မိတော့ပါဘူး။ကောင်းလွန်းအားကြီးလို့ မှတ်စုစာအုပ်လေးမှတ်ထားတာပါ။ ဒီပို့စ်ကို ကျွန်တော်သည် ဘဝ၏ ခါးသီးမှုတွေထဲမှာ
တယောက်တည်းနစ်မျှောနေတဲ့ဘဝမို့ အားကိုးရာမဲ့တဲ့ဘဝမှာ ကျွန်တော်အားငယ်နေတိုင်း
အားငယ်တတ်တဲ့သားကို အမြဲအားပေးတဲ့အမေကို သတိရရင်း ဒီပို့စ်လေးကို ထပ်ဆင့်
ဝေငှလိုက်ပါသည်။ ဒီပို့စ်လေးနဲ့ပဲ အဝေးတနေရာကနေပြီး ကျွန်တော်ချစ်သော အမေအား
ဦးညွတ်ဂါရဝရှိခိုး ကန်တော့ပါတယ်။


၃.၁၂.၂၀၀၉

Read more...

ရှောင်ခွာသူအတွက်


မမျှော်လင့်ပဲ
နွေဦးထဲမှာ
မခေါ်ပါပဲ
ငါ့ရင်ထဲကို
မင်းကဝင်လာ
ပျော်ရွှင်စွာနဲ့
ဆင်းရဲမွဲပြာ
ဂုဏ်တွေပြာမွဲ
ငါ့ကမ္ဘာထဲမှာ
အမြဲတမ်းပင်
မင်းပျော်ရွှင်ဖို့
အရာအားလုံး
ဆုံးရှုံးခံကာ
မင်းအတွက်ငါ
ပေးဆပ်ပါခဲ့...။

သို့ပါသော်လည်း...
မမျှော်လင့်ဘဲ
ငါ့သည်းလေးက
ငါနဲ့ဝေးရာ
ဟို..ကမ္ဘာကို
အခုတော့သူက
ထွက်သွားပြီ..။

..............
၂-၁၂-၂၀၀၉
၎း၀၂ am

Read more...

About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP