မမ မရှိတော့တဲ့နောက်
မမ မရှိတဲ့နောက်
ဟို..တုန်းက
လှပစိုပြေနေခဲ့တဲ့ Gtalk ဟာ
အခုချိန်မှာတော့
ခြောက်သွေ့သွေ့နဲ့ပေါ့…။
မမဟာ..
ငါ့နှလုံးသားထဲကို
မခေါ်ဘဲဝင်လာ
ပြီးတော့
မနှင်ဘဲနှင့်ဘဲ
ထွက်သွားလေတော့
ဒဏ်ရာတွေကို တပုံတပင်ကြီး
ပွေ့ပိုက်ရင်းနှင့်
အလွမ်းဒဏ်တွေသင့်ပြီး
ကျန်နေခဲ့ရတဲ့ ငါ့ဘဝအတွက်တော့
ငါ့ရင်ထဲမှာ
မမနှင့်ပတ်သက်ပြီး
အမှတ်တရတွေ
ပြည့်လျှံနေလေရဲ့…။
ဟို…တုန်းက
Gtalk ဆိုတာ
ငါ့ဘဝအတွက်တော့
ပျော်ရွှင်စရာကမ္ဘာတခုဖြစ်ခဲ့ပေမယ့်
အခုချိန်မှာတော့
မမ မရှိတော့တဲ့ Gtalk ဟာလည်း
လူသူကင်းမဲ့တဲ့
တစပြင်ကြီးတခုလိုပါဘဲလေ…။
မမ မရှိတော့တဲ့
Gtalk ကမ္ဘာကြီးထဲမှာ
ငါတယောက်တည်း ယောင်လည်လည်နှင့်
နေလို့မပျော်သလို
နေချင်စိတ်တွေလည်း
ပျောက်ဆုံးလို့
ငါ့ရဲ့ အပြင်ပကမ္ဘာမှာ
အပြုံးပန်းတွေလွှမ်းခြုံထားပေမယ့်
တကယ်တော့ မမရယ်..
ငါ့ရင်ထဲမှာလေ
အလွမ်းမီးတွေ တောက်လောင်နေရပြီ…။
……………
၁၅-၀၇-၂၀၁၀
0 အကြံပြုချက်တွေ:
Post a Comment