Friday, July 9, 2010

လွမ်းမပြယ်

လွမ်းမပြယ်


~~~~



မုန်းခဲ့ပြီနော်...

အပျော်ကင်းမဲ့ နွမ်းရင်ထဲ၌

ရင်တွင်းလှိုက်ပို့ ရှုက်ငိုပူဆွေး

လွမ်းတဲ့အသည်း ကျွမ်းခဲ့လေပြီ။



ချစ်သောသူရယ်...

ချစ်ခဲ့စဉ်က အနုအလှ

ပျိုမျစ်မှုများ လုံးပါးကွယ်ပျောက်

မုန်းချိန်ရောက်တင့် စိမ်းရင့်ရောက်ခြယ်

မုန်းမာန်ကြွေကာ နှစ်ရှည်ရက်လ

ဝေးနေရတော့ စိတ်ကမရွှင်

သည်းဘဝင်မှာ ရင်နာကြွေကွဲ

လွမ်းနေဆဲကွယ်။



ချစ်သူပစ်လို့ လွမ်းနေသူကို

ညှာတာမှုကင်း ထားရစ်ခြင်းကို

မတားလို့လည်း အမြဲချစ်ခွင့်

တမ်းတခွင့်တော့ ပေးလိမ့်မည်ထင်

စိမ်းကားခြင်း၌ ပျော်ပိုက်သရွေ့

နေပါစေတော့ နေစေတော့ကွယ်။



ပြန်လာလိမ့်ငြား မျှော်စောင့်စားရင်း

တသက်တဘဝတော့ လွမ်းမပြယ်။



..........................

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP