Friday, July 9, 2010

အချစ်ဦးမို့

ပိတောက်ဝေသော ကြွေရက်တောနဲ့


ဥသြမြူးထူး နွေလေရူးမှာ

အတူတွယ်တာ ကြင်နာရစ်ပတ်

ဂီတသံစဉ် အချစ်လေးတွေ

ဝေခဲ့တယ်။



ပက်သွင်းမုတ်သုန် ပုလဲငုံသို့

မြူးခုံရွှင်မြ မိုးအရသာ

တိုး၍ရင်မှာ ရွှင်ကြည်စွာနဲ့

ပိုကာလှိုက်မော မင်းအပြောတွေ

အကြည့်တွေကြောင့် ဒို့ကကြည်နူး

ရင်ထဲမြူးခဲ့။




ကြင်နာရွှင်မြ ပြုံးစစနှင့်

လမင်းတရာ မင်းမျက်နှာမှာ

ဖြူစွာမေတ္တာ အကြင်နာတွေ

ရင်မှာပြန်တပ် နာရီမလပ်။

-------------------



၂၂-၀၆-၂၀၁၀

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP