အရာရာဟာမင်းပဲချစ်သူ
ငါ ဘယ်လိုများဝင်ခံရတော့မှာလဲချစ်သူရယ်...။
နှလုံးသားတွေ မောပန်းရင်း မင်းမျက်ဝန်းမှာကျဆုံး
နစ်မျောနေတယ်လေ...။ ဘဝရဲ့အရေးအကြီးဆုံး
လိုအပ်ချက်တခုအဖြစ်အနေနဲ့ ငါဟာ မင်းကို
တကယ်ချစ်နေတာပါ...။ အချစ်လို့စနားလည်
ကတည်းက ငါ့ဘဝမှာ မျှော်လင့်ချက်တွေ
ဘာမှမရှိနိုင်မှန်းကို ရင်ထဲကအလိုလိုသိနေပေမယ့်
မင်းကိုမှချစ်မိနေတဲ့ ငါ့ရဲ့စိတ်တွေကိုတားဆီးလို့မှမရတာ....။
ကင်းလွတ်ခွင့်မရတဲ့ ဒီအလွမ်းတွေနဲ့ပဲ မင်းရဲ့အပြုံးပုံရိပ်တွေကို
တမ်းတတပ်မက်နေဆဲပါချစ်သူရယ်...။
ကိုယ်စားချန်လို့မရနိုင်တဲ့ မင်းရဲ့မျက်ဝန်းထဲမှာ
ငါ့ရဲ့နှလုံးသားတွေကိုလည်း တဘဝလုံးမြှုပ်နှံ
အပ်ထားလိုက်ပါပြီ ချစ်သူ...။ ရာသီနဲ့အတူ
မပြောင်းလဲတတ်သောအချစ်တို့ ငါရဲ့ရင်ထဲမှာ
ထာဝရရှင်သန်နေမြဲပါ...။ တစ်ဘဝလုံး ပိုင်ဆိုင်ခဲ့သမျှ
အရာတွေနဲ့နှိုင်းယှဉ်မရတဲ့အချစ်အတွက်
ခါးသီးစူးရှတဲ့အိပ်ပျက်ညများစွာထက်မှာ
မင်းရဲ့အရိပ်တွေဟာ ငါ့ဘဝတခုလုံးကိုစိုးမိုး
လိုက်ပါပြီချစ်သူရယ်...။
ခမ်းခြောက်လုနီးပါးဖြစ်နေတဲ့ ငါ့ရဲ့အားအင်တွေကို
မင်းကဖြည့်ပေးခဲ့တယ် ချစ်သူ...။ ငါ့ဘဝရဲ့ ပြဒါးမဲ့ကြေးမုံမှာ
မင်းအပြုံးများစွာ ထင်စေခဲ့ရင်း ညှိုးရောနေတဲ့ငါ့ရဲ့
ပင်စည်တွင်းကို ရေကြည့်တွေဖြန်းပက်ပေးခဲ့သူဟာလည်း
မင်းပဲချစ်သူရယ်...။ အစားထိုးနှိုင်းယှဉ်မရတဲ့
မင်းရဲ့အကြောင်းတွေဟာ ငါ့ဘဝအတွက် တသက်လုံး
မမေ့နိုင်စရာ အမှတ်တရတွေပါချစ်သူရယ်...။
1 အကြံပြုချက်တွေ:
ရင်ထဲရှိသမျှဖွင့်ထားပုံရတယ်...
Post a Comment