ယုံပါသ္ခင်
သ္ခင်ရယ်..
ဒို့ရဲ့အသည်းပန်းလေးဟာ
သ္ခင့်အနမ်းနဲ မထိုက်တဲ့ကန်းမို့လိုလားဟင်။
ဒါမှမဟုတ်…
မဟာပထဝီ မြေမဟီမှာ
ဝပ်စင်းကြွေနေ ပန်းခရေမို့လို့လား။
သ္ခင်ရယ်…
သေးငယ်လှတဲ့ ပန်းခရေဘဝဟာ
ပင်မြင်မှာ ဂုဏ်တင့်လို့မမြဲနိုင်ပေမယ့်
အကြွေခံဘဝလေးနဲ့
ပန်းရေရဲ့ဘဝခြောက်သွေ့သွားသည့်တိုင်အောင်
ပန်းချစ်သူအပေါ်
သင်းပြန့်မွှေးကြိုင်တဲ့ရနံ့ကိုတော့
ဆက်သမြဲဆိုတာကို
အကြွင်းမဲ့ယုံလိုက်ပါ သ္ခင်။
0 အကြံပြုချက်တွေ:
Post a Comment