လွမ်းသဖြင့်သာ ပန်းပွင့်ပါလျှင်
ပန်းတပွင့်ကို
နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးကြမယ်…
လူတစ်ယောက်ကို
လွမ်းဖို့ ဘယ်သူချစ်ဖူးပါသတဲ့လဲ…
ပစ်ခဲ့တဲ့ပန်ကို
ဘယ်သူမှ သတိတရ မရှိနိုင်ကြပေမယ့်…
ဖြစ်ခဲ့တဲ့အလွမ်းတွေကြောင့်
ရင်မှာ မထိမရှတဲ့သူ ဘယ်သူရှိနိုင်ပါသတဲ့လဲ….
သစ်ပင်တိုင်းဟာ ပန်းမပွင့်ကြပါဘူး…
ပန်းပင်တိုင်းဟာလည်း ရာသီအလိုက်သာ
ပွင့်တတ်ကြတယ်….
ဒါပေမယ့်…
အချစ်စိတ်ဆိုတဲ့ တန်းခိုးနဲ့
အရာရာကိုဖြစ်စေနိုင်တယ်လို့ ယုံကြည်လျှင်ဖြင့်
ရင်ထဲကအလွမ်းတွေကို
ပန်းတွေနဲ့ သက်သေပြကြစတမ်းဆိုရင်
“မောင်”ကြည့်လိုက်လေ
ဘယ်အပင်မှာကြည့်ကြည့်
ပန်းတွေနဲ့ ပြည့်နေတော့မှာပါ“မောင်“….
လွမ်းသဖြင့်သာ
ပန်းပွင့်ပါလျှင်
“မောင်”မြင်လိမ့်
အပင်တိုင်းမှာ
ပန်းတွေချည်း…..။
0 အကြံပြုချက်တွေ:
Post a Comment