ကျမျက်ရည်အတွက်ကျေနပ်တယ်
မင်းကိုချစ်ခဲ့မိရင်
ငါဒီလိုခံစားရမယ်ဆိုတာ
ကြိုတင်ပြီးသိခဲ့တယ်...။
ဒါပေမယ့်
မင်းကပေးခဲ့တဲ့
အကြင်နာတွေဟာ
ဒဏ္ဍာရီတွေမဟုတ်ခဲ့လို့
မေ့လို့မရတဲ့ငါဟာ
အခုချိန်မှာတော့
မျက်ရည်နဲ့ပဲ
ဇာတ်သိမ်းသွားပြီပေါ့...။
မင်းအတွက်ကျခဲ့ရတဲ့
မျက်ရည်တွေ
မင်းအတွက်ပေးဆပ်ခဲ့သမျှ
အရာအားလုံးတွေဟာ
ငါ့ရဲ့မိုက်မှားမှုအတွက်
လက်ဆောင်တွေ့ပဲလား...။
“ငါ့အတွက်
မျက်ရည်မကျနဲ့
ငါဟာ မင်းရဲ့
အချစ်ဆုံးသူငယ်ချင်းပါ”လို့
မင်းဘယ်လောက်ပဲပြောပြော
မင်းနဲ့ငါတို့ရဲ့ ဇာတ်လမ်းက
သူငယ်ချင်းထက်ပိုခဲ့တယ်...။
မင်းကိုမှချစ်ခဲ့မိပြီး
မင်းကိုမှစွဲလမ်းနေတဲ့
ငါဟာ
အတိတ်ဘဝက
ကျိန်စာတွေသင့်ခဲ့လို့လား
ဒါမှမဟုတ်
ငါ့ရဲ့မိုက်မှားမှုတွေကြောင့်လား...။
ငါသိပါတယ်..
မတူညီတဲ့မြိုင်ပြိုင်နှစ်ခုကို
ဆွဲရခက်မယ်ဆိုတာ...။
ဒါကြောင့်လည်း
ငါဟာ
မင်းရဲ့အချစ်တောထဲမှာ
လမ်းမမှာဖို့
အဖန်ဖန်ကြိုးစာခဲ့သေးတယ်...။
ဒါပေမယ့်
တောမကျွမ်းတဲ့မုဆိုးလို
အချစ်ဆိုတာကို
ဘာမှနားမလည်ခဲ့တဲ့ငါ့အတွက်
မင်းပေးခဲ့တဲ့အကြင်တွေ
ချိုသာတဲ့စကားတွေ
ယုယမှုတွေအောက်မှာ
နစ်မြောနေခဲ့သလို
နစ်မြောနေဆဲပါ...။
အလင်းတွေပိတ်ဆို့ပြီး
အမှောင်တွေနဲ့
ပြည့်လျှံနေတဲ့
ငါဘဝထဲမှာ
မင်းအတွက်
အနေခက်နေတာကို
ငါနားလည်ပါတယ်...။
မင်းကိုတွေ့ဖို့
အားအင်တွေမရှိသလို
ငါခြေလှမ်ေးတွေကိုလည်း
နောက်ဆုတ်မရတော့ပါ...။
အစကတည်း
မင်းနဲ့ငါတို့ရဲ့ကြားမှာ
သူငယ်ချင်းတွေလိုပဲ
ချစ်ခဲ့ကြမယ်ဆိုရင်
အခုလို
မဖြေနိုင်တဲ့မျက်ရည်တွေ
ငါ့ဘဝမှာ
ဘယ်ဖြစ်လာမှာလဲ...။
အခုချိန်မှာတော့
မေ့ပစ်ဖို့ဘယ်ဘောက်ပဲကြိုးစားကြိုးစား
မင်းကိုမှတမ်းတနေတတ်တဲ့
ငါရဲ့စိတ်တွေကို
ငါတားမရတော့ပါဘူး...။
အရှုံးပေးပါတယ်..
မင်းဘဝသာယာအေးချမ်းဖို့
မင်းဘဝပျော်ရွှင်ချမ်းမြေ့ဖို့
မင်းဘဝလှပတောက်ပြောင်ဖို့...။
...........
၇-၆-၂၀၀၉
၁၀:၀၀ am
1 အကြံပြုချက်တွေ:
သြော်...အဲဒါတွေကြောင့် ကိလေသာကုန်ခမ်းပြီး..တရားဘာဝနာ ကုန်ခမ်းသွားတာထင်တယ်.....
Post a Comment