မင်းအတွက် ငါဟာ ဘာမှမဟုတ်
မင်းပေးခဲ့တဲ့အနမ်း
ငါ့ရင်ထဲမှာ
သိမ်းထားပါတယ်...။
မင်ေးပြာခဲ့တဲ့စကား
ငါ့နားထဲမှာ
ကြားနေသေးတယ်...။
မင်းပေးခဲ့ဓာတ်ပုံတွေ
ငါ့ကိုလာပြီး
ပြုံးပြနေတယ်...။
ငါ့စိတ်ညစ်ရင်
မင်းကကြည့်ပြီး
စ,နေတတ်တယ်...။
ငါပေးတဲ့အနမ်း
မင်းဘဝလန်းဖို့
အဆိပ်လားကွယ်...။
မင်းဘဝလေး
လှပအေးဖို့
ငါကအလင်းကလေး
နည်းနည်းလေးမှ
မပေးနိုင်လို့
မင်းဘဝအတွက်
ငါ့ဘဝက
မှောင်မိုက်ညလား...။
..............
၁-၆-၂၀၀၉
၎:၃၀ pm
1 အကြံပြုချက်တွေ:
အရမ်းကောင်းတဲ့ ကဗျာလေးပါ..
အဟုတ်ဟုတ်ပြောတာပါ....
ကျုပ်သီချင်းရေးရင်လဲယူသုံးပါရစေ....
ကျုပ်ပြောတာကိုလဲ စိတ်မဆိုးပါနဲ့နော်.....
Post a Comment