BROKEN MY HEART
Gtalk ကိုစွန့်
Gmail ကိုလွှတ်ပြီး
ငါထွက်ခွာပြီ
မင်းနဲ့ဝေးရာတနေရာကို…။
ဝမ်းနည်းကြေကွဲ
မျက်ရည်ရွဲပြီး
နှုတ်ဆက်စကား
မပြောအားခဲ့…။
မင်းကြောင့်ငါဟာ
ကွဲတဲ့အသည်း
ကျတဲ့မျက်ရည်
ဖြေမဆည်နိုင်
ထိမ်းမနိုင်ဘဲ
နေ့စဉ်ငိုရ
ငါဘဝဟာ
အရူးပမာ
မနေသာဘူး
မင်းကိုချစ်လို့
ရူးတော့မယ်…။
Gtalk မှာမျှော်
တကိုယ်တော်နဲ့
မင်းအလာကို
စောင့်နေသောခါ
Reply လုပ်တာ
တွေ့လိုက်တာက
I’m not “…………”။
မင်းနဲ့ငါလေ
စကားမပြောရလည်း
နေပါစေလေ
Online ပေါ်မှာ
မင်းကိုတွေ့ရင်
ငါဟာမျှော်မြူး
နေခဲ့တယ်…။
ဟို…တုန်းကဆို
မင်းပြောခဲတဲ့
စကားတွေကို
လင်္ကာမမြောက်လို့
ထင်ခဲ့မိတာအမှန်ပါ…။
ဒါပေမယ်ကွယ်
ခုချိန်မှာတော့
မင်းပြောခဲ့သမျှ
စကားလှတို့
အလင်္ကာတွေ
မြောက်နေပြီပဲ…။
ငါ့အချစ်မှာ
သံသယပါတယ်
ပြောချင်ပြောလိုက်…။
ငါ့မြို့တော်က
သံသယနဲ့
ပြည့်လျှံနေလို့
နှလုံသားဖြူစင်
သန့်စင်ကြယ်တဲ့
မင်းလိုလူများ
အချစ်သခင်
ဘုရင်မကို
မစွန်းပယ်ချင်လို့
မြို့တော်ကိုစွန့်ခွာ
ဝမ်းနည်းစွာနှင့်
ငါထွက်သွားပြီ…။
တကယ်တော့ငါဟာ
မင်းဘဝအတွက်
ဘာမှမဟုတ်ပါ
ဆိုတာတွေကို
ငါဟာနားလည်း
လိုက်ပါပြီ…။
မင်းရဲ့ဘဝ
လှပတင့်တယ်
စိုစိုပြေဖို့
မင်းရွေးတဲ့လမ်း
အမှန်မှန်းကို
ငါက နားလည်ပေးပါတယ်…။
နောက်ဆုံးအနေနဲ့
တောင်းဆုချွေတယ်..
အချစ်ဘုရင်မ
ပန်းသခင်ဘဝ
နေခြည်ဖျန်းလို့
မနွမ်းစေဘဲ
မင်းဘဝတလျှောက်လုံး
ထာဝရပဲ
ပြုံးပျော်နိုင်စေ…။
....
17-6-2009
2:20 pm
(ပေးစရာတွေရှိတယ်။ ဒါပေမယ့်Mail ကနေမပို့တော့ဘူး။ မင်း Mail ကိုကမင်းတယောက်တည်းသုံးတာမှမဟုတ်တာ။)
0 အကြံပြုချက်တွေ:
Post a Comment