ထာဝရမြတ်နိုးနေမယ်
ရင်မှာခံစားနေရတဲ့
ဝေဒနာတွေ..
အချစ်အတွက်
ပေးဆပ်ခဲ့သမျှတွေ..
အချစ်အတွက်ကျခဲ့တဲ့
ငါ့မျက်ရည်တွေ...။
ဒါတွေအားလုံးဟာ
ငါ့ဘဝမှာ
မုန်းမေ့လို့ မရနိုင်တဲ့
မင်းအတွက်ဆိုလို့
မင်းက
ဟားစရာလို့ထင်နေလား...။
ငါ
မင်းကိုချစ်နေရတာက
မင်းရဲ့ဂုဏ်ဓနတွေနှင့်
မင်းရဲ့အလှအပတွေကိုလို့
မင်းထင်နေလား...။
ငါမြတ်နိုးတဲ့ပန်းဟာ
အကယ်၍
ပိုးကိုက်ခံခဲ့ရင်တောင်မှ
ငါဟာ
ဆက်လက်ပြီး
ရင်မှာပွေ့ပိုင်ရင်းနဲ့
နမ်းရှိုက်နေအုံးမှာ...။
.............
၇-၇-၂၀၀၉
16:05 pm
0 အကြံပြုချက်တွေ:
Post a Comment