Friday, July 17, 2009

အမုန်းမရှိတဲ့ အဘိဓာန်

အတိတ်တွေက
အရိပ်တွေလိုပါဘဲလေ..
တကောက်ကောက်နှင့်
ငါနောက်က လိုက်နေလေရဲ့.... ။

ကုန်လွန်ခဲ့တဲ့အချိန်တွေက
မင်းပေးခဲ့တဲ့အနမ်းတွေ
ငါ့ရဲ့အနက်ရှိုင်းဆုံးနှလုံးသားတနေရာမှာ
ထာဝရစိုးမိုးနေတယ် ချစ်သူ...။

မင်းနဲ့ပတ်သက်လို့
မုန်းမေ့တယ်ဆိုတဲ့
ဝေါဟာရတွေပျောက်ကွယ်နေတဲ့
ငါ့ရဲ့နှလုံးသားအဘိဓာန်ထဲမှာ
အချစ်တွေ၊ သံယောဇဉ်တွေ၊
တမ်းတခြင်းတွေ၊
လွမ်းဆွေးခြင်းတွေနှင့်
ရေးခြယ်ထားတဲ့
ဝေါဟာရတွေပဲ
ပြည့်လျှံနေရတယ်...။

...........
၁၆-၇-၂၀၀၉
၎:၁၀ am

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP