Monday, September 14, 2009

ဝဋ်ရှိသမျှ

မင်းပေးခဲ့တဲ့ဝေဒနာ
သေရာပါအဖြစ်နဲ့
ငါရင်ထဲမှာ ထာဝရပဲ
စွဲကျန်နေဆဲပါချစ်သူ...။

အစားထိုးလို့မရတဲ့
ငါ့ရဲ့အချစ်စိတ်တွေကို
မင်းဆီကပြန်ယူလို့မရတော့ပါ...။

မင်းကရှောင်ပုန်း
ငါကစောင့်စားနဲ့
ဆုံနိုင်ဖို့ဆိုတာလည်း
ဟို...အဝေးကြီးမှာပဲ
ကျန်ခဲ့ပြီးလား ချစ်သူ...။

မင်းဘယ်တော့မှ
ပေါ်လာမှာမဟုတ်ဘူးဆိုတာ
ငါ အလိုလိုသိနေတာတောင်မှ
ဒီနေ့တနေကုန်ထိုင်ပြီး
မင်းကိုစောင့်နေမိတယ်
ချစ်သူရယ်...။

ဒါပေမယ့်
မင်းဘဝအတွက်
အချစ်ဆုံးသူမဖြစ်ခဲ့သလို
အချစ်ဦးသူလည်းမဖြစ်ခဲ့တဲ့
ငါ့ကိုတော့
မင်းမေ့သွားလောက်ပြီပေါ့...။








ဝဋ်ကြွေးတွေမကုန်နိုင်သရွေ့တော့
မင်းပေးခဲ့တဲ့အကြင်နာတွေကို
ပြန်လည် တမ်းတရင်းနဲ့
မင်းပေးခဲ့တဲ့ အလွမ်းရိပ်အောက်မှာ
လွမ်းချင်းတွေဖွဲ့ပြီး
ဆက်လက်ပြီးတော့
အငိုခရီးကို နှင်နေရအုံးမှာပေါ့
ချစ်သူရယ်...။

.........................
၁၄-၀၉-၂၀၀၉
၁၆း၀၈

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP