Friday, September 11, 2009

ချစ်တာတခုပဲသိတယ်

ဘယ်သူတွေဘာပြောပြော
ကြင်နာနေတဲ့ဒီရင်မှာ
မင်းနဲ့ပတ်သက်လို့
အပြစ်မြင်မယ်ဆိုစွာဝေးပေါ့
ချစ်သူရယ်...။

တခါတလေတော့
ကလေးဆန်ဆန်ပြောခဲ့တာတွေဟာ
မင်းကိုမယုံလို့မဟုတ်ခဲ့ဘူး...။

မင်းကိုဆုံးရှုံးရမှာကိုကြောက်ပြီး
သဝန်တိုတဲ့စိတ်တွေကြောင့်ပါ...။

မင်းဘယ်သူနဲ့ပဲတွဲတွဲ
မင်းဘယ်သူတွေကိုပဲ ပိုချစ်ချစ်
ငါ့ရင်မှာတော့
မင်းကိုပဲဆက်ချစ်နေဆဲပါ ချစ်သူ...။

ငါခေါ်တုန်းက
မင်းကစကားပြောဖို့ငြင်းဆိုပေမယ့်
ငါက မင်းငယ်ချစ်ဦးရဲ့ “......”နာမည်ကိုသုံးလိုက်တော့
မင်းကချက်ချင်းပဲ
ငါ့ကိုကျော့ခိုင်းသွားခဲ့ပေမယ့်
ငါ့ကတော့ဆက်ချစ်နေဆဲ့ပါ...။

အဲဒီတုန်းကပဲ
တကယ်တော့ ငါဟာ
မင်းဘဝအတွက် ဘာမှမဟုတ်ဘူးဆိုတာ
နားလည်ခဲ့တယ်...။

ဒါပေမယ့် ချစ်သူရယ်
အပြစ်မမြင် ငါရဲ့ရင်မှာ
မင်းကိုစွဲမက် ဆက်ချစ်နေဆဲ
ဆက်ချစ်မြဲပါ အပြစ်မမြင်
ငါ့ရင်မှာလေ....။
....................

၁၂-၀၉-၂၀၀၉
၃:၂၁ PM

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP