Friday, September 11, 2009

မေ့သွားပြီလား


………………

“ကြာရင်တော့
မေ့သွားမှာပါ” ဆိုတဲ့
မင်းစကားအတိုင်း
အတိတ်ကိုထိန်ချန်ပြီး
မင်းကမေ့သွားပြီလား…။


















တချိန်တုန်းက
မင်းပေးခဲ့တဲ့အမှတ်တရတွေ
မင်းပေးခဲ့တဲ့အနမ်းတွေ
မင်းပြောခဲ့တဲ့စကားတွေ
ဒါတွေ ဒါတွေကို
အကယ်၍ မင်းက
ပုံပြင်လို့ ထင်နိုင်ရင်လည်း
ငါ့ဘဝအတွက်တော့
ထာဝရမေ့လို့မရနိုင်တဲ့
ရာဇဝင်တွေပါ…။

ငါ့ရင်ထဲမှာတော့
ရက်လတွေကြာလာတာနဲ့အမျှ
သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးတွေ
သတိရလွမ်းဆွေးမှုတွေ
မင်းကိုဆုံးရှုံးသွားမှာကို
စိုးရိမ်မှုတွေဟာ
ငါ့ရင်မှာပြည့်ကျပ်နေရတယ်
ချစ်သူရယ်…။
..............................
၁၁-၀၉-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP