Wednesday, September 23, 2009

ဝဋ်ကြွေးတွေလား ဒါမှမဟုတ် ကျိန်စာတွေသင့်ခဲ့လို့လား

ချစ်သူရယ်
မင်းလေးက
ငါ့ဘဝအတွက်
အချစ်ဦးမို့
ရူးလောက်အောင်ထိ
ချစ်နေရတာပါ…။

မင်းကိုမတွေ့ရတဲ့
နေ့ရက်တွေမှာ
ငါဟာ
မင်းကိုလွမ်းပြီး
မျက်ရည်တွေကျတယ်ဆိုရင်
မင်းဘဝအတွက်တော့
ဟားတိုက်စရာတွေပေါ့…။

အခုလည်းကြည့်လေ
မင်းပျောက်သွားတဲ့နေရက်တွေ
ဘယ်လောက်ကြာပြီလဲ…။

မင်းကိုစလို့ချစ်မိကတည်းက
ငါ့ဘဝမှာ
အရာရာတွေဆုံးရှုံးခဲ့သလို
ဘဝမှာတခါမှမကြုံခဲ့ဖူးတဲ့
အပြောအဆိုကိုလည်း
အလူးအလိမ့်ခံခဲ့ရ
မျှော်လင့်ချက်တွေကလည်း
ဆုံးရှုံးခဲ့ရပေမယ့်
မင်းကိုအပြစ်အမြင်ပဲ
အချစ်တွေကလွှမ်းခြုံမြဲပါ…။

အစကတည်းကပင်
ငါလေ
မင်းကိုချစ်မိရင်
ဒီလိုဘဲ ခံစားရမယ်ဆိုတာ
ငါ ကတယ်သိခဲ့ပါတယ်
ချစ်သူ…။


ဒါပေမယ့်
ချစ်သူရယ်
ဘယ်သူ့ကိုမှ မချစ်မိခဲ့တဲ့
ငါ့နှလုံးသားတွေကို
မင်းကပြောင်းလဲပစ်နိုင်တယ်…။

အခုလည်း
ဘာဘဲလုပ်လုပ်
ဘယ်ကိုသွားသွား
ငါ့ရဲ့စိတ်တွေဟာ
မင်းဆီမှာပဲ
ထာဝရလွှင့်မျောနေတယ်လေ…။

မင်းက ငါ့ကို
ဘယ်လောက်ပဲပျက်ရယ်ပြုပြု
ဟို..တုန်းက
မင်းပေးခဲ့တဲ့ အမှတ်တရတွေ
မင်းပေးခဲ့တဲ့ အနမ်းပန်းတွေ
မင်းပေးခဲ့တဲ့ ဓာတ်ပုံတွေဟာ
ငါ့ရဲ့ရင်မှာ ခြေရာလိုပဲ
ထာဝရစွဲကျန်နေလို့
မင်းကိုအပြစ်မြင်ဖို့ဆိုတာဝေးပေါ့…။

မင်းမှတ်မိမှာပေါ့နော်..
ငါ့နဲ့စကားမပြောချင်လို့
မင်းဟာ
ပထမဆုံး ရှောင်ခွါပုန်းတုန်းက
မင်းရဲ့အချစ်ဦးဆိုတာနဲ့ပဲ
ငါ့ကိုစွန်ခွါပြီး
မင်းရဲ့ငယ်ချစ်ဦးရင်ခွင်ကို
အားပါးတရတိုးဝင်တဲ့နေ့လေ…။

မင်းက ငါ့ကို
ချစ်ပါတယ်လို့
ဘယ်လောက်ပဲပြောခဲ့ပြောခဲ့
အဲဒီနေ့က
အဖြေပေါ်ခဲ့ပေါ့…။

တကယ်တော့
အချစ်ဦးကိုမေ့ပစ်ဖို့
မဖြစ်နိုင်ဘူးဆိုတာကို
ငါနားလည်ပါတယ်
ချစ်သူရယ်…။

ဘာဖြစ်လို့လည်းဆိုတော့
ငါ့က မင်းဘဝအတွက်
အချစ်ဦးမဖြစ်ခဲ့လို့
မင်းက ငါ့ကို
မေ့ပစ်ကောင်းမေ့ပစ်နိုင်ပေမယ့်
ငါ့ဘဝအတွက်တော့
မင်းဟာ
အချစ်ဦးဖြစ်နေလေတော့
ဘယ်တော့မှ
မေ့ပစ်လို့မရသလို
ဘယ်တော့မှလည်း
မုန်းပစ်လို့ရမှာ မဟုတ်လို့ပါ
ချစ်သူရယ်…။

…………………
၂၄-၀၉-၂၀၀၉
၃း၂၁ pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP