မျက်ရည်မြစ်ကျဉ်း
စိတ်ကိုရွေ့လျား မေ့ထားရုံနဲ့
မေ့သွားရင်လည်း အကောင်းသား…။
မမေ့မမုန်း တနေ့လုံး “သူ”
စိတ်ကိုယူငင်
ရင်တွင်ရစ်ဖွဲ့ နှောင်းတွယ်နွဲ့ပြုံး
အလွမ်းဆုံးမြစ် လှော်ရင်းနစ်ပြီ…။
မပျော်နေ့ည မေ့မရလို့
တွေ့ကြတဲ့အခါ သူမြင်သာအောင်
ကြင်နာအရိပ် အလွမ်းစိတ်ကို
ပါးစပ်ပိတ်ထား နှလုံးသားမှ
မျက်ရည်များဖြင့် ပြချင်တယ်…။
.................................
30-09-2009
0 အကြံပြုချက်တွေ:
Post a Comment