Saturday, October 10, 2009

ရှင်သန်နေသမျှ

ကိုယ်ကဘယ်လောက်ပဲတန်ဖိုးထားလို့ချစ်နေရပေမယ့်
ကိုယ့်ချစ်သူ့က အရေးမလုပ်တဲ့ဘဝမှာ
ဘယ်လိုခံစားကြမှာလဲဆိုတာ ချစ်ဖူးသူတိုင်းသိကြမှာပါ...။

တဘဝမှာ တပွင့်တည်းသောပန်းကိုစွဲလန်းနေရတဲ့ ငါဟာ
တကယ်တော့ အရူးတယောက်လို့မင်းထင်နေလားချစ်သူ..။
ဘယ်သူ့ကိုမှ မပေးခဲ့ဖူးတဲ့ အသည်းဦးဟာ
မင်းဘဝအတွက် ထာဝရည်ရွယ်ထားတာပါ...။

အချိန်ရာသီတို့ ဘယ်လောက်ပဲပြောင်းပြောင်း
မင်းကိုချစ်နေတဲ့ ငါ့အချစ်တို့က ထာဝရပဲသစ်လွင့်နေဆဲပါ
ချစ်သူ...။ ငါက မင်းဘဝအတွက် အချစ်ဦးမဟုတ်ခဲ့လို့
တန်ဖိုးမရှိဖြစ်နေရတာလား..။

ဒါပေမယ့်ချစ်သူရယ်..
မင်းက ငါ့ဘဝအတွက် အချစ်ဦးနဲ့အချစ်ဆုံးဖြစ်နေလေတော့
မင်းကမေ့နိုင်ပေမယ့် ငါ့ဘဝအတွက်တော့ ဘယ်တော့မှ
မေ့လို့မရနိုင်တဲ့ ဇာတ်လမ်းတပုဒ်ပါ ချစ်သူ...။

ငါ့ရဲ့အသည်းနှလုံးတွေဟာ မင်းလို ခံနိုင်ရည်မရှိလို့
တနေ့တနေ့ မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တို့
ဘယ်ရပ်တန့်နိုင်တော့မှာလဲ ချစ်သူ...။ တကယ်တော့
ချစ်သူ... ဟို..တုန်းက မင်းပေးခဲ့တဲ့အကြင်နာတွေဟာ
အိပ်ထဲမက်ထဲမှာ တွေ့ခဲ့တာမဟုတ်သလို ဒဏ္ဍာရီ
ပုံပြင်လည်း မဟုတ်ခဲ့ဘူးနော်..။

ဘာပဲဖြစ်ဖြစ် ချစ်သူ
ဝဋ်ကြွေးတွေ မကုန်သမျှတော့ မင်းဆီကရခဲ့ဖူးတဲ့
အကြင်နာတွေကို ပြန်လို့တမ်းတမျှော်မှန်းရင်းနှင့်
သောကကိုရင်ဝယ်ထွေးပိုက်ပြီး အသက်ရှင်သမျှတော့
မင်းကို ဆက်ချစ်ပြီး ငါ့ လွမ်းနေအုံးမှာပါ ချစ်သူ...။

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP