မင်းအတွက်
နှလုံးသားတွေ မောပန်းရင်း
မင်းအတွက်ကျတဲ့ငါ့မျက်ရည်တို့
ဘယ်ရပ်စဲနိုင်တော့မှာလဲ
ချစ်သူ....။
ငါ့ကို ငါတောင်မှမသိလိုက်ရတဲ့
မင်းပြောလိုက်တဲ့
ငါ့ရဲ့ Gtalk Meassage ဆိုတာက
မင်းဘဝကို ရိုက်ချိုးခဲ့တာလား...။
တကယ်တော့ ငါဟာ
မင်းကိုတွေ့ချင်ဇောနဲ့
ထမင်းမေ့ဟင်းမေ့နဲ့
တမနက်လုံး မင်းကိုထိုင်လို့
စောင့်နေမိခဲ့တယ်လေ...။
ဒါပေမယ့်
မင်းက ဘယ်ဆီကိုရောက်လို့
ဘယ်ဆီကိုပျောက်နေတာလဲ...။
နောက်တကြိမ်
မင်းကိုတွေ့ရနိုးနိုးနဲ့ပဲ
အွန်လိုင်းကိုထပ်တက်တော့
မင်းပို့လိုက်တဲ့ Message က
ငါ့ကိုငိုကြွေးစေခဲ့တယ်...။
တကယ်တော့ ငါဟာ
မင်းဘဝအတွက်
ပျော်ရွှင်မှုတွေကို မပေးနိုင်ခဲ့သည့်အပြင်
ငါ့ကြောင့်ပဲ မင်းဟာ
အမြဲဝမ်းနည်းခဲ့ရတယ်မလား...။
“တောင်းပန်ပါတယ်”လို့လည်း
ငါမပြောချင်တော့ဘူးချစ်သူ...။
ငါ့ဟာ မင်းအတွက်
လမင်းကြီးလို အလင်းမပေးနိုင်ရင်တောင်မှ
ကြယ်စင်လေးလောက်တော့
အလင်ရောင်လေးကို
မင်းအတွက်ပေးထားခဲ့ချင်တယ်....။
မြေဇာမြက်လို ငါဘဝဟာ
မင်းဘဝအတွက်
ဘယ်ထည်ဝါပါ့မလဲဆိုတာကို
ငါနားလည်ပေမယ့်
အချစ်စိတ် သံယောဇဉ်နှောင်ကြိုးတွေကို
ငါ ဖြတ်တောက်လို့ မရနိုင်လို့ပါ....။
နောက်ဆုံးအနေနဲ့
ငါ ကတိပေးပါတယ် ချစ်သူ..
“မင်းဘဝလှပထည်ဝါဖို့အတွက်
မင်းမတွေ့ချင်တဲ့ ဒီကောင်လေး
မင်းကိုအမြဲတမ်း စိတ်ညစ်စေခဲ့
ဒီကောင်လေး
အဝေးကိုထွက်သွားပေးပါ့မယ်”လို့လေ...။
.......................
29-10-2009
16:46 pm
0 အကြံပြုချက်တွေ:
Post a Comment