Thursday, October 1, 2009

အချစ်ဦးသူသို့

အတိတ်တစ္ဆေ စိတ်ကြေလေလွင့်
သခင့်အသည်း လွင့်ဝဲဝေသီ
ညဆီပိုင်စိုး မြင်ရနိုးပေါ့…။

တွေ့နိုးမျှော်မှန်း
ရော်ရမ်းလွမ်းတ တွေ့ဆုံရနိုး
ညအလီလီ နာရီမခြား
ဆုတောင်းအားငယ် မျက်ရည်နယ်ထဲ
မပျော်ရဲဘူး အချစ်ဦးရေ
သံယောဇဉ်ဦး ရင်မှာစူးပေါ့
အကြင်နာဦးရဲ့ ရူးလှပြီ…။
………………..

၃၀-၀၉-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP