Saturday, November 14, 2009

မသေခင်မှာ

မသေခင်မှာ…
ကြင်နာ..နွေးထွေး-ပြုစုကျွေး။

မသေခင်မှာ….
ချစ်ခင်လေးမြတ်-အကြွေးဆပ်။

မသေခင်မှာ…
မိခင် ဖခင်၊ ကျေးဇူးရှင်ကို
နေ့စဉ်ဦးချ- ဂါရဝ။

သေပြီးမှသော်…
သြော်- ငါ့မိခင်, ငါ့ဖခင်ဟု
စိတ်တွင်ထိရှ
ဒဏ်ရာရမူ…
ရသည်ဒဏ်ရာ သေရာပါလိမ့်
ဘယ်မှာကုစား ရအံ့နည်း။
……………..

ဝန်ခံချက်

“ဇော်နောင် ” ရေးသားပြီးDec 2007 မှာထုတ်ဝေတဲ့ The Light of English မဂ္ဂဇင်း No 156တွင်ဖော်ပြခဲ့တဲ့ကဗျာကိုကြိုက်လွန်းလို့ မိတ်ဆွေကိုလည်းပြန်လည်ဝေငှချင်တဲ့ဆန္ဒနဲ့ကျွန်တော်ဘလော့မှာပြန်လို့တင်ပေးလိုက်ပါတယ်။

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP