Tuesday, November 17, 2009

စိတ်ညစ်လို့ရေးလိုက်ပါသည် (၂)


ငါ့နှလုံးသားကမ်းစပ်ကို
မင်းရဲ့အမုန်းလှိုင်းတွေဝင်ရောက်လာလို့
ငါ့ဘဝသဲသောင်ပြင်ဟာ
ဒဏ်ရာတွေများစွာနဲ့ပေါ့....။

ကမ်းစပ်မှာကျန်တဲ့ခြေရာဟာ
လှိုင်းတက်လိုက်ရင်
ပျက်ပြယ်သွားနိုင်ပေမယ့်
ငါ့ရဲ့နှလုံးသားကမ်းခြေမှာ
ထင်ကျန်နေတဲ့
မင်းရဲ့အမုန်းခြေရာတွေဟာ
ဘယ်တော့မှ
မပျောက်ပျက်ပါဘူးကွယ်....။

........................
၁၈-၁၁-၂၀၀၉
၀၁း၀၃ ညည့်

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP