မင်းအတွက်ဆို

ဒီနေ့
သူပုန်းရှောင်နေလို့
ငါ့ရင်မှာ ဗြောင်းဆန်
ပြီးတော့
ကျရည်တွေစီးကျ
ရင်မှာသောကတွေနဲ့...။
ဒီနေ့
“အဲ ဒါဆို
ချစ်တော့ဘူးပေါ့” လို့
သူမေးခဲ့တဲ့စကား
ငါ့ရင်ကို တိုက်စားသွားတယ်...။
“မင်းကိုချစ်တယ်”
ဆိုတဲ့ စကားထက်
ပိုပြီးလေးနက်တဲ့
စကားတွေ ရှိရင်
ဘယ်လောက်ကောင်းမှာလဲ...။
မင်းက
ငါ့ရဲ့အချစ်တွေကို
ခဏလေးနဲ့ပြောင်းလဲသွားမယ်လို့
မင်းထင်လား....။
ငါ့ရဲ့
အသက်ရှင်သန်သမျှ
ကာလပတ်လုံး
မင်းကို
မပြောင်းလဲတဲ့ အချစ်တွေနဲ့
ထာဝရဆက်ချစ်နေမယ်ဆိုတာ
မင်းအတွက်
ဟားတိုက်စရာလို့ထင်နေလား...။
ဒီနေ့ဟာ
ငါ့ဘဝအတွက်
မင်းရဲ့ အထင်လွဲစရာတွေက
ဗြောင်းဆန်ပြီးတိုးဝင်
ပြီးတော့
ငါ့ရလိုက်တာက
ဝမ်းနည်းစရာတွေ
လွမ်းဆွေစရာတွေ
မျက်ရည်တွေ...။
ဒါပေမယ့်
ဒီရလာဘ်တွေအတွက်
ငါ့ရဲ့ အချစ်ဦးနဲ့
အချစ်ဆုံးသူအတွက်ဖြစ်လို့
ဘယ်လောက်အကြိမ်များစွာပဲကျကျ
ငါ့ရင်ထဲမှာ ကျေနပ်တယ်...။
မင်းဘဝရဲ့
ပျော်ရွှင်ချမ်းမြေ့ဖို့
မင်းဟာ
ငါ့ဘဝထဲက
အပြီးပိုင်ထွက်ခွာသွားမယ်ဆိုရင်လည်း
အလွမ်းတွေကိုပွေ့ပိုက်ပြီး
ငါဘဝတလျှောက်လုံး
သေရာပါဒဏ်ရာဖြစ်နဲ့
မင်းဘဝထာဝရ ပျော်ရွှင်ရှင်သန်ဖို့
ငါ့ ခံရဲပါတယ်....။
15.5.2009
၂:၃၈ pm

0 အကြံပြုချက်တွေ:
Post a Comment