ဝဋ်ရှိသမျှကျေပါစေ

ဘယ်ဝယ်ဘဝ
ဘယ်ကာလက
အမျှပေးဝေ
ဆုံခဲ့လေလည်း
ငါလည်းမသိတာ
အမှန်ပါ။
ဝမ်းနည်းစဖွယ်
နွေနေလယ်မှာ
မင်းကိုတွေ့ဆုံ
ငါရင်ခုံပြီး
ချစ်ခင်စုံမက်
မေတ္တာဖက်လို့
မင်းကိုငါ့က
ချစ်ခဲ့တယ်။
မကြာလှပါ
ဝေဒနာတို့
ငါ့ရင်ကိုခွဲ
ငါ့အသည်းပါ
မင်းကနှုတ်ယူ
ဟို..အဝေးဆီကို။
ဘယ်ဘဝက
ကျိန်စာသင့်လို့
သူ့ဆီထံမှောက်
ဒူးကိုထောက်ပြီး
ငါဟာ ဘာကြောင့်
ရှုံးနေလဲ။
တောင်းဆုချွေတယ်..
နောင်ဘဝဆိုတာ
ရှိခဲ့ပါရင်
အချစ်ရှုံးပြီး
အသည်းကွဲကာ
ဝမ်းနည်းစွာနဲ့
အမြဲငိုရ
ဒီဘဝလို
ငါ မဖြစ်ရလို
တောင်းဆုဆိုတယ်။
ငါဟာ
မင်းအပေါ်မှာ
အချစ်ဝဋ်ကြွေးတို့
ကြွေးပေးဆပ်ရန်
ရှိခဲ့ရင်လည်း
ဒီဝယ်ဘဝ
ဒီမျှနဲ့သာ
ကျေပါတော့လေ
စိန္တေမြတ်မှာ
တောင်းဆုချွေကာ
မင်းအလိုကျ
ငါပေးဆပ်တယ်
ဝဋ်ရှိသမျှ
ကျေစေတော့။
.....
18-6-2009
1:16 pm

0 အကြံပြုချက်တွေ:
Post a Comment