နားလည်ပေးပါချစ်သူ
ချစ်သူရယ်..
“မျက်ရည်ဖြင့်
မနှိပ်စက်ပါနဲ့ကွယ်” ဆိုတဲ့
မင်းပြောခဲ့တဲ့စကားတွေဟာ
ငါ့နားထဲကို
ထိုးဖောက်ဝင်ရောက်နေဆဲပါ…။
ချစ်သူရယ်..
ငါကျတဲ့မျက်ရည်ဟာ
မင်းကိုလှည့်ဖျား
နှိပ်စက်ဖို့လို့ တမင်တကာ
ကျခဲ့တာမဟုတ်ပါ…။
ချစ်သူရယ်..
ရင်မှာမခံစားနိုင်လို့
ကျမိခဲ့တဲ့ ငါမျက်ရည်ကြောင့်
မင်းအတွက်အဆိပ်လိုဖြစ်ခဲ့ရင်လည်း
ခွင့်လွှတ်ပေးဖို့
တောင်းပန်ပါရစေနော်…။
................
4-7-09
4:02 am

0 အကြံပြုချက်တွေ:
Post a Comment