Wednesday, July 15, 2009

ငါ့ကို ငါမပိုင်တော့ဘူး

ရာသီတွေပြောင်း
နှစ်တွေညောင်းရင်
မေ့သွားမယ်လို့
မင်းထားခဲ့တာ
ငါ့အတွက်မဟုတ်ဘူး
မင်းအတွက်ပဲ
ဖြစ်နေမှာပါ…။

အချိန်ကာလ
နှစ်လရာသီ
ပြောင်းသွားပေမယ့်
မချစ်ဖူးလို့
အရူးအမူးနှင့်
မင်းတယောက်ကိုပဲ
ချစ်နေရသူ
ငါ့လိုလူအတွက်
မေ့သွားမယ်ဆိုတာ
အဝေးကြီးပေါ့…။

ဒါပေမယ်ကွယ်..
မင်းဘဝလေး
သာယာအေးဖို့
မင်းနှင့်ဝေးရာ
အဝေးတနေရာကို
ရင်မှာဒဏ်ရာ
ဝေဒနာကို
ပွေ့ကာပိုက်ရင်း
မနာအသည်း
ပြုံးပြုံးလေးနှင့်
ထွက်ခွါပြီးလေ
ငါသွားချင်တယ်...။

ဒါပေမယ့်လေ
ငါ့ကို ငါက
မပိုင်တော့လို့
မင်းအနားက
ဘာတခုမှ
ခွါလို့မရတော့ခါ....။
..........
၁၃-၇-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP