Saturday, October 24, 2009

ကတိမတည်သူအတွက်

“မင်းမှာသစ္စာ လူမှာကတိ”
ဆိုရိုးစကား ရှိသော်ငြားလည်း
ကိုယ်ပေးဘိ ကိုယ့်ကတိကို
အရေးအစိုက်သူ မင်းလိုလူကို
ပေါ်လာနိုးနိုး မျှော်ကာကိုးပြီး
ဖုန်းနားမှာထိုင် တမှိုင်မှိုင်နဲ့
အွန်လိုင်းကမျှော် တကိုယ်တော်နဲ့
မင်းတယောက်ကို အချစ်တော်ပို
ငါလိုလူက စောင့်ခဲ့အချိန်
ကုန်လွန်စေခဲ့....။

နောက်နောင်အခါ ဘယ်သောခါမှ
ကိုယ်ကမပိုင် ကိုယ်မနိုင်သည့်
ဘယ်ကတိကိုမဆို ဘယ်သူ့ကိုမှ
အားနာပါးနာ ခေါင်းညိတ်ကာဖြင့်
လွယ်လွယ်လေးလေးနဲ့ မပေးလေနဲ့...။

နောက်ဆုံးအနေ မင်းသိစေဖို့
ကဗျာမမီ ကာရန်မညီသည့်
ဒီကဗျာအား မင်းသိစေသားလို့
ငါရေးခဲ့သည် ကတိမတည်သူလေး
သိပါစေ...။

..........

၂၃-၁၀-၂၀၀၉
၉း၃၀ pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP