စိတ်ညစ်လို့ရေးလိုက်ပါသည် (၁)

မဆုံတဲ့ဖူးစာလို့ပဲ
ပြောရမလား...။
မဆုံတဲ့လမ်းကိုပဲ
ငါက ရွေးခဲ့သလား...။
တောမကျွမ်းပဲ
သမင်လိုက်တဲ့မုဆိုးလို
အချစ်ဆိုတာကို
ဘာမှမသိခဲ့တဲ့ငါဟာ
သူ့ရဲ့အလှ
သူ့ရဲ့စကားအောက်မှာ
ရုန်းမရအောင်နစ်မျှော
အလွမ်းသမားဘဝနဲ့ပေါ့...။
အတိတ်ဟောင်းကို
မေ့ကောင်းတယ်လို့များ
မင်းထင်နေသလားချစ်သူ..။
မင်းပေးခဲ့တဲ့
အလွမ်းဒဏ်ရာတွေ
ဘယ်တော့မှ
ပျောက်ပျက်သွားမှာမဟုတ်ပါဘူး
ချစ်သူ...။
...............
၁၆-၁၁-၂၀၀၉
၁၇း၄၈ pm

0 အကြံပြုချက်တွေ:
Post a Comment