အချစ်ဆုံးသူသို့
ရိုးရိုးလေးဝန်ခံရရင်
ဟို...တုန်းက
ငါဟာ
အချစ်ဆိုတာ ဘာလဲလို့
ငါမစဉ်းစာမိဘူး...။
ချစ်ခြင်းရဲ့အစ ရင်ခုန်ခြင်းက
ဆိုရိုးစကား ရှိနေငြားလည်း
ငါ့ကိုရင်ခုန်စေတဲ့သူဆိုတာ
မင်းကလွဲလို့
ငါ့ဘဝတလျောက်လုံးမှာ
မရှိခဲ့ပါ...။
အိပ်စက်နေတဲ့
ငါရဲ့ နှလုံးသားကို
မင်းကလှုပ်ကိုင်နှိုးလိုက်လို့
ကျောက်ဆစ်ထက်မာတဲ့
ငါ့ရဲ့ နှလုံးတွေ
အရည်တွေပျော်လို့
မင်းရဲ့
မေတ္တာစမ်းရေအိုင်းထဲကိုစီးဝင်...။
ဒါပေမယ့်.
အခုချိန်မှာတော့
ငါပိုင်ဆိုင်လိုက်တဲ့
အချစ်ဆိုတာ
ပူလောင်ခြင်းတွေနဲ့ပြည့်လျှံနေတဲ့
နွေကန္တာရလို
ငါ့ရင်ကိုလောင်မြိုက်နေလေရဲ့...။
မင်းသင်ပေးလိုက်တဲ့
အချစ်ဆိုတာ
ငါ့ဘဝအတွက်တော့
အလွမ်းတို့၊ အဆွေးတို့၊မျက်ရည်တို့နဲ့
ပြည့်နေတဲ့
အလွမ်းညတွေပဲလား....။
မင်းပေးခဲ့တဲ့
အမှတ်တွေကို
ရင်မှာ တပုံတပင်ပွေ့ပိုက်ရင်း
မင်းကိုမှ ရူးမိုက်စွာနဲ့
ထာဝရချစ်နေ၊ မျှော်နေတဲ့
ငါ့ရဲ့ဘဝဟာလည်း
အလွမ်းဒဏ်တွေသင့်လို့
မလှတော့ပါဘူး....။
ငါ့ကို
မင်းပေးခဲ့တဲ့အကြင်နာတွေ
မင်းပြောခဲ့အချစ်စကားတွေ
အကြံအဖန်ပဲဖြစ်ဖြစ်
မင်းဟာ ငါရဲ့
အချစ်ဦးနဲ့ အချစ်ဆုံးသူဖြစ်လို့
တဖန်ပြန်လို့
မသုံးသပ်ချသ်တော့ဘူး....။
ငါဟာ
မင်းဘဝအတွက်
အချစ်ဦးသူမဟုတ်ပေမယ့်
အချစ်ဆုံးသူတယောက်ဆိုတာ
မင်းယုံပါ...။
ပြီးတော့
ငါဟာ
မင်းဘဝအတွက်
အချစ်ဦးသူ မဟုတ်ပေမယ့်
ငါဘဝအတွက်တော့
အချစ်ဦးသူနဲ့ အသက်ထက်ဆုံး
ချစ်သူဆိုတာ
မင်းးနားလည်ပါ...။
..............
၂၄-၅-၂၀၀၉
၎:၄၄ am>၆:၁၁ am
0 အကြံပြုချက်တွေ:
Post a Comment