အလွမ်းည
ချစ်သူနဲ့ဝေးနေတဲ့ည
ငါ့ရင်မှာ
အလွမ်းဒဏ်ရာတွေနဲ့
အိပ်လို့ရမယ်ဆိုတာဝေးပေါ့…။
ငါဟာ
မင်းကြောင်းကို
တညလုံးထိုင်တွေးပြီး
သွေးပျက်မတတ်
အရူးတယောက်လို…။
မင်းကိုမတွေ့ရတဲ့နောက်
သာယာလှပတဲ့ညတွေဟာ
အသံတွေတိတ်ဆိတ်
ပျော်ရွှင်စရာတွေဆိတ်ပြီး
လူသူကင်းတဲ့ တစပြင်လို…။
မင်းမရှိတဲ့နောက်
ငါ့ရဲ့
တယောက်တည်းညမှာ
မိုးကောင်းကင်ကြီးကိုကြည့်လိုက်တော့
လမင်းကြီးက ငါ့ကို ပျက်ရယ်ပြု
ကြယ်ကလေးတွေကလည်း
ငါ့ကို ဟားတိုက်နေကြပြန်ပြီ…။
-------------
25-5-2009
7:40 am
0 အကြံပြုချက်တွေ:
Post a Comment