ရပ်တန့်ပေးပါ
မပြောချင်ရင်
တသက်လုံးနေပါ
မူယာပိုကာ
ပြောမလာနဲ့...။
မချစ်ချင်လည်း
မုန်းလိုက်စမ်းပါ
ပလီပမာ
မာယာသုံးပြီး
ချစ်စကားတွေ
ပြောမနေနဲ့...။
မတွေ့ချင်လည်း
ဝေးဝေးသွားပါ
လှောင်ပြောင်သလို
စကားဆိုပြီး
ပြောနေတဲ့ခါ
ထွက်ပြေးမှာဆို
နောက်နောင်ခါမှာ
မခေါ်ပါနဲ့...။
အမြဲတမ်းသာ
မင်းထံပါးမှာ
လှည့်စားမာယာ
ခံနေပါမူ
နူးညံ့သိမ်မွေ့
ငါနှလုံးသားတွေ
တစစီနဲ့
ကျွမ်းတော့မယ်..။
............
၂၉-၅-၂၀၀၉
၁၂:၅၀ pm
1 အကြံပြုချက်တွေ:
နှလုံးသားတွေတော့ တစစီမကျွမ်းရအောင်..သော့အကြီးကြီးခတ်ထားတဲ့.. ယူ့နှလုံးသားကို မီးခံသေတ္တာ အကြီးကြီးထဲထည့်ထားပေးမယ်နော်......
Post a Comment