ရှင်သန်နေသမျှ
မင်းက ငါ့ကို
“Good Bye...!”လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
ငါ့ဘဝဟာ
ကြိုးပြတ်တဲ့စွန်လို...။
မင်းက ငါ့ကို
“Good Bye...!”လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
ငါ့ဘဝဟာ
အရွက်မရှိတဲ့သစ်ပင်လို...။
မင်းက ငါ့ကို
“Good Bye...!” လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
ငါ့ဘဝဟာ
ခြောက်သွေ့နေတဲ့ ကန္တာရလို...။
မင်းက ငါ့ကို
“Good Bye..!” လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
ငါ့ဘဝဟာ
နေဒဏ်သင့်တဲ့ ပန်းတပွင့်လို...။
မင်းက ငါ့ကို
“Good Bye...!” လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
သာယာလှပတဲ့ညတွေက
ငါ့ကိုခြောက်လှန့်...။
မင်းက ငါ့ကို
“Good Bye...!” လို့ပြောပြီး
ထွက်သွားတဲ့နောက်မှာ
ငါ့ရဲ့ ကဗျာတွေက
ငိုချင်းဖြစ်သွား...။
မင်းက ငါ့ကို
“Good Bye...!” လို့ပြောပြီး
ထွက်သွားခဲ့တဲ့နောက်မှာ
ငါ့ရဲ့
ကမ္ဘာကြီးတခုလုံးဟာ
အထီးကျန်နေတယ်...။
မလှပတဲ့ ငါ့ကမ္ဘာဟာ
မင်းဘဝအတွက်
တမာလိုများဖြစ်ခဲ့လို့လား...။
မင်းဘဝအတွက်
ငါ့ရဲ့ကမ္ဘာလေးဟာ
လမိုက်ညတွေပဲ
အမြဲဖြစ်ခဲ့လို့လား...။
ငါ့ကမ္ဘာထဲမှာ
မင်းဘဝလှပထည်ဝါဖို့
လမင်းကြီးမရှိပေမယ့်
“မင်းကိုမှ လွမ်းနေတဲ့
အလွမ်း ကဗျာတွေ..
မင်းကိုမှ တမ်းတနေတဲ့
အချစ်သံစဉ်တွေ..
မင်းကိုမှ တွယ်တာနေတဲ့
မေတ္တာစမ်းရေ အိုင်လေးတွေ..
မင်းကိုမှ စောင့်မျှော်နေတဲ့
အထီးကျန်ညတွေ..
ငါ့ရဲ့အလွမ်းတွေ
မျက်ရည်တွေနဲ့ ရေးထားတဲ့
ဒိုင်ယာရီတွေ..
ဘယ်တော့မှ မပြောင်းလဲတဲ့
ကဗျာဆန်တဲ့နွေ လေညှင်းတွေ..” နဲ့
ပြည့်လျှံနေတယ်...။
ဘာပဲဖြစ်ဖြစ်
မခေါ်ပဲဝင်လာပြီး
မနှင်ပဲထွက်သွားတဲ့ မင်းကို
ငါ အပြစ်မဆိုရဲပါ...။
မင်းက ငါ့ကို
“Good Bye...!” လို့
နှုတ်ဆက်ပြီး
မင်းထွက်သွားတဲ့နောက်
ပျော်ရွှင်စရာတွေ
ပျောက်ဆုံသွားပြီး
ပျော်ရွှင်စရာတွေ
ကြည်နူးစရာတွေနဲ့
ပြည့်လျှံနေတဲ့
ငါ့ရဲ့
နှလုံးသားမြို့တော်တခုလုံးဟာလည်း
တစပြင်လိုဖြစ်သွား...။
အသက်ခန္ဓာတည်သမျှ
မင်းပေးခဲ့တဲ့
အမှတ်တရများစွာကို
ရင်မှာထွေးပိုက်ရင်း
မင်းအတွက်
နှလုံးသားတံခါးလေးကိုဖွင့်ရင်း
ငါ့ရင်မှာ မပြောင်းလဲတဲ့
အချစ်တွေနဲ့
ဆက်ပြီးတော့ မျှော်နေအုံးမှာ...
ဆက်ပြီးတော့ လွမ်းနေအုံးမှာ...
ဆက်ပြီးတော့ ချစ်နေအုံးမှာ...။
..................
၂၀-၅-၂၀၀၉
၎:၃ am >၇:၄၉ am
0 အကြံပြုချက်တွေ:
Post a Comment