Friday, May 22, 2009

မင်းထွက်သွားတဲ့နောက် (၁)




မင်းက ငါ့ကို
စကားမပြောလို့
တကိုယ်တော်နဲ့
အလွမ်းတေးတွေ
သီကျူးနေတဲ့
ငါ့ရဲ့အိပ်ပျက်ညတွေက
ငါ့ကိုခြောက်လှန်နေလေရဲ့...။

အိပ်ဖိုးကြိုးစာတော့လည်း
ဟို...တုန်းက
မင်းပြောခဲ့တဲ့စကားတွေ
မင်းပေးခဲ့တဲ့ အနမ်းတွေ
မင်းပေးခဲ့တဲ့ကြင်နာမှုတွေက
အခု...
မင်းစကားမပြောတဲ့နောက်မှာ
ငါ့ကိုခြောက်လှန်နေလေရဲ့...။

မင်းက ငါ့ကို
စကားမပြောတဲ့နောက်မှာ
ဟို...တုန်းက
ပျော်ရွှင်စရာတွေနဲ့
ပြည့်လျှံနေခဲ့တဲ့
ငါ့ရဲ့ကမ္ဘာလေးဟာ
အခုတော့..
အလွမ်းတွေနဲ့ ပြည်လို့...။

ဟို..တုန်းက
လေလှိုင်းကနေပြီး
မင်းပေးခဲ့တဲ့အနမ်းတွေ
မင်းပြောခဲ့တဲ့ အမှတ်တရစကားတွေ
အလွယ်တကူပဲ
လေထဲမှာလွင့်မျောသွားပြီလို့
မင်းထင်နေလား...။

အချစ်ဦးမို့
မင်းကိုမှ
အရူးအမူးချစ်နေတာကို
မင်းက ငါ့အား
ရူးနေပြီးဆိုတဲ့စကား
မင်းပြောရဲတယ်...။

မင်းပေးခဲ့တဲ့ အနမ်းတွေ
မင်းပေးခဲ့တဲ့ အကြင်နာတွေ
မင်းပေးခဲ့တဲ့ အမှတ်တရတွေ
ဒါတွေအားလုံးဟာ
မင်းဘဝမှာ
ရိုးအိနေတာတွေဖြစ်ကောင်းဖြစ်နေလိမ္မယ်...။

ဒါပေမယ့်..
အချစ်ဆိုတာ ဘာမှမသိခဲ့တဲ့
ငါ့ အတွက်တော့
မင်းကစပြီးချစ်တတ်အောင်
သင်ပေးလိုက်တဲ့နောက်မှာ
မင်းပေးခဲ့တဲ့ အမှတ်တရတွေဟာ
ငါ့ဘဝတသက်တာအတွက်
ဘယ်တော့မှမေ့မရနိုင်တဲ့
ဂန္ဓဝင်တွေပါ...။

မင်းထွက်သွားလည်း
မင်းကိုအပြစ်မဆိုရဲသလို
မင်းကိုမုန်းဖို့ခွန်အားတွေ
မင်းးကိုမေ့ပစ်လိုက်ဖို့ခွန်အားတွေလည်း
ငါ့မှာ မရှိတော့ပါ...။

၂၂-၅-၂၀၀၉
၅:၁၀ am

(တဖက်သတ်ဆန်လွန်းရင်လည်း တောင်းပန်ပါတယ်)

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP