Sunday, May 10, 2009

မင်းသာသိရင်


မိုင်ပေါင်းထောင်ချီဝေးနေလို့
မင်းကိုတွေ့ဖို့အတောင်ပံတွေမရှိတဲ့ဘဝမှာ
မင်းရဲ့ ချိုမြတဲ့အသံလေးကိုမကြားရတဲ့နေ့
ရင်မှာခြေက်သွေ့သွေ့နဲ့ပေါ့…..။

မင်းကိုမတွေ့ရပေမယ့်
မင်းအသံကိုကြားနေရရုံလေးနှင့်
ကြေနပ်နေရတဲ့ဘဝမှာ
ငါဟာ..
မင်းဆီကဖုန်းအလာကိုမျှော်
တကိုယ်တော်ဘဝနဲ့ပေါ့……။

အဖော်ကွဲတဲ့ငှက်တကောင်လို
မင်းနဲ့အဝေးတနေရာမှာရှိနေတဲ့ငါ့ဟာ
မင်းပေးထားတဲ့ဓာတ်ပုံတွေကိုကြည့်ရင်း
မင်းပေးထားတဲ့သီချင်းတွေကိုနားထောင်ရင်း
ငါ့ရဲ့ အိပ်ပျက်ညတွေကို
ကျော်လွန်စေခဲ့တယ်…….။

မင်းဆီကဖုန်းမလာတဲ့နေ့တွေမှာ
တခါတလေ
ငါစည်းစားမိတယ်..
“အခုလောက်ဆို…
မင်းကတော့ အခြားတစ်ယောက်နဲ့
တွဲပျော်လို့ရှိမှာပေါ့”လို့လေ….။

တခါတလေ
ငါစည်းစားမိတယ်..
“မင်းနဲ့ ငါတို့ရဲ့အကြားမှာ
ဘဝတံတုင်းတွေကာဆိုင်းနေလို့
ပေါင်းဆုံဖို့ဆိုတာကော
ဖြစ်လာနိုင်ပါ့မလား”လို့လေ….။

ပြီးတော့…
မင်းတို့ရဲ့ဂုဏ်တံတိုင်းအောက်မှာ
တဘဝလုံးအရှုံးသမားဘဝနဲ့
ရှုံးနိမ့်နေရမှာကိုလဲ
ငါကြောက်မိတယ်……။

ငါဟာ..
မင်းကို
ပြောချင်တဲ့စကားတွေ
အမှားကြီးရှိပေမယ့်
မင်းကိုဖွင့်ပြောရဲတဲ့အားအင်သတ္တိတွေ
ငါ့မှာ မရှိဘူး…..။

ဘာလို့ဆိုတော့…
အဲဒီစကားကိုမင်းကြားရတဲ့နေ့ဟာ
မင်းက ငါ့ကို
ခါးသီးစွာမုန်းတဲ့နေ့များဖြစ်လေမလားဆိုတာ
အရမ်းစိုးကြောက်လို့ပါ…..။

ငါ့ဘဝမှာ
မင်းကိုမှရူးမူးစွာနှဲ့
အချစ်ဦးအဖြစ်ချစ်မိတဲ့
ငါဟာ
တကယ်လို့များ
မင်းနုတ်ဖျားက“မုန်းတယ်”လို့ပြောလိုက်မယ်ဆိုရင်
အဲဒီအမုန်းတွေကိုပွေ့ပိုက်ရင်း
ငါ ဘယ်လိုများရှင်သန်ရမှာလဲ
ချစ်သူရယ်….

အခု…
ငါ့ရင်ထဲမှာ
ဘယ်လောက်ခံစားနေရတယ်ဆိုတာ
မင်းသိမှာမဟုတ်ပါ…
ပြီးတော့
ငါ့…မင်းကို…
ဖွင့်ပြောချင်တဲ့စကားတွေကိုလည်း
မင်းသိမှာမဟုတ်ဘူး...။

အကယ်၍သာ မင်းသိပါရင်

“……………………………..”…..။

၃၀-၃-၂၀၀၉

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP