သံယောဇဉ်
မောင်...
မချည်နှောင်ပါနှင့်
အချစ်ကြိုးတွေရယ်...
အထပ်ထပ် ရစ်ဖွဲ့ ခံရလွန်းလို့လည်း...
ကျမမှာစွမ်းအားတွေမဲ့
ဒီရင်မှာလည်းရူးတော့မယ်...။
အပျော်တွေ အမောတွေနဲ့
လှိုက်စားခံရတဲ့ ဒီရင်ခွင် တစ်စုံမှာလည်း
တဖြည်းဖြည်းနဲံ့ကမ်းပါးပြိုလို့
ခံနိုင်ရည်အားလည်းခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်...။
နားလည်မှုတွေ အားပေးမှုတွေ
ကရုဏာတွေ မုဒိတာတွေ..
ပေးဆောင်မှုဘောင်ထဲ
အားလုံးဝင်တဲ့ အရာတွေပါချန်
မောင့်.ကိုနှုတ်ဆက်ဖို့ကြံခဲ့တယ်...။
ဒါပေမဲ့...
မောင့်ဆီမှာ ..
ဝဋ်ကြွေးတွေ ပါလာခဲ့တဲ့ကျမက
မောင့်ကိုမှ...ရူးမှူးစွာ ချစ်
သံယောဇဉ်ကမပြတ်
သံယောဇဉ်ဖြတ်နိုင်ခဲ့ရင်လေ
မောင်နဲ့ကျမ ဘဝ
တစ်ထောင့်တစ်ည ပုံပြင်ဖြစ်တော့မယ်....။
၂၄.၄.၀၉
0 အကြံပြုချက်တွေ:
Post a Comment