မင်းအတွက်
ကြယ်တွေစုံတဲ့ည
အလွမ်းသီချင်းတချို့သီကျူး
မင်းကိုလွမ်းလို့ ငါ့ရဲ့ညမလှတော့ဘူး...။
ကောင်းကင်ကြီးကိုငေး
မင်းအကြောင်းတွေး
တိတ်၂ကလေးဆွေး
နင့် ရင်ခွင်ကိုငါ လွမ်းလိုက်တာ...။
ဗလောင်ဆူတဲ့အချစ်ဖြင့်
ဟန်ဆောင်လိမ်ညာခြင်းတွေနှင့်
ပလီပလာစကားလုံးတွေကို
ခပ်ဝေးဝေးလွှင့်ပစ်လို့
ငါတို့ခပ်အေးအေးပဲချစ်ရအောင်...။
မိုင်တွေဘယ်လောက်ဝေးဝေး
မင်းက ငါ့ကိုချစ်တယ်...
ငါကလည်းမင်းကိုချစ်တယ်....
ဒို့နှစ်ယောက်ထာဝရအတူတူပေါ့...။
ချစ်ခြင်းဆိုတာ ရယူခြင်း
ဒါမှမဟုတ်
ပေးဆပ်ခြင်းလို့ဘယ်သူတွေဘယ်လိုဘဲငြင်းနေပါစေ
ငါ့ ကတော့
မအိုဟောင်းတတ်တဲ့အချစ်တွေနှင့်
စာရွက်လေးပေါ်အနမ်းတံဆိပ်ခတ်လို့
မင်းအတွက်
စာအိတ်ကိုပိတ်လို့ မင်းဆီကိုအရောက်ပို့လိုက်ပါရဲ့...
မောင်လေးပျော်မယ်ဆိုရင် အမကျေနပ်တယ်...။
၂၅-၃.၂၀၀၉
0 အကြံပြုချက်တွေ:
Post a Comment