Sunday, May 10, 2009

ပုံပြင်မဟုတ်ဘူး


















ယှည်ပြိုင်လိုက်တိုင်း
အရှုံးနဲ့သာရင်ဆိုင်ရတဲ့ဘဝမှာ
မျက်ရည်ဆိုတာ
ဘယ်ဆန်းတော့မှာလဲ....။

တသက်မှာတခါအဖြစ်နဲ့
တပွင့်တည်းသောပန်းကို
သစ္စာပန်းလို့ထင်လို့
မြတ်နိုးမိတဲ့ ငါ့ဟာ
နှလုံးသားတွေကြွေမွ
ရင်မှာဒဏ်ရာတွေရ
နောက်ခါမှပဲ
ရွက်ကျပင်ပေါက်မှန်းသိခဲ့တယ်...။

ရပါတယ်လေ...
မင်းအလိုတော်ကျ
ကပြဖြေဖျော်နေရတဲ့
ငါ့ဘဝမှာ
မင်းက ငိုဆိုရင် ငို
မင်းရယ်ခိုင်းရင် ရယ်
မင်းလက်ထဲက
အရုပ်လေးလို...။

လုပ်ရက်တယ်နော်..
မချစ်ဖူးတဲ့ သူတယောက်ကို
ချစ်တတ်အောင်သင်
ပြီးတော့..
ချစ်ဟန်ဆောင်ပြီး
အလွမ်းဒဏ်ရာတွေကို ပေးအပ်
သူကတော့ အဝေးတနေရာကို
ထွက်သွား...။

မင်းထင်မှာပေါ့
“အတိတ်ဟောင်းကို
မေ့ကောင်းတဲ့အရာ” လို့..
ဒါပေမယ့်...
မင်းပေးခဲ့အကြင်နာတွေ
မင်းပြောခဲ့တဲ့“ချစ်တယ်”ဆိုတဲ့စကားတွေ
ဒါတွေ..ဒါတွေဟာ
သစ္စာရှိသူတို့နှလုံးသားမှာ
ဘယ်လိုများမေ့ထားလို့ရမှာလဲ...။
---------------------------

9-5-2009
၎:၂၀ am

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP