Sunday, May 10, 2009

မင်းနားလည်ပါ

















မင်းနှုတ်ဖျားက...
မချစ်တော့ဘူးလို့ဘယ်လောက်ပြောပြော
မင်းပြောခဲတဲ့စကားတွေကို
ငါဟာ
ကျီစားတယ်လို့ထင်နေမိတယ်...
ချစ်သူရယ်...။

အွန်လိုင်းမှာတွေပြန်တော့လည်း
စကားတွေဆက်မပြာချင်လို့ဆိုပြီး
မင်း Off လိုင်းလုပ်ထားလိုက်ပေမယ့်
မင်း Online မှာရှိနေတယ်ဆိုတာ
ငါသိနေတယ်...
ချစ်သူရယ်.....။

တခါတခါတော့
မင်းက ငါ့ကို
မချစ်တော့ဘူးလို့ပြော
နောက်တခါတွေ့တွေ့ပြန်တော့
ချစ်တယ်လို့ မင်းက ငါ့ကိုပြော
မင်းက ငါ့ကို
ရူးခိုင်းနေတာလား
ချစ်သူရယ်...။

မခံစားဖူးတဲ့ ငါ့ရဲ့နှလုံးသားတွေ
မင်းက ကျီစားဖန်များလာရင်
တစ တစနဲ့
ကြာလာရင် လောင်ကျွမ်းသွားလိမ့်မယ်...
ချစ်သူရယ်....။

ငါဟာ
နေဒဏ်သင့်နေတဲ့ပန်းတပွင့်လို
အလွမ်းဒဏ်တွေသင့်နေတဲ့
ငါ့ဘဝမှာ
ရင်မှာဝေဒနာကို ပွေ့ပိုက်ရင်း
ငါဘယ်လိုခရီးဆက်ရမှာလဲ...
ချစ်သူရယ်....။

ငါ့ဘဝဟာ
နေဒဏ်သင့်ပြီးကြွေနွမ်းနေတဲ့
ပန်းခရေလို
မဟာပထဝီမြေကြီးမှာ
ခယဝပ်စင်းနေရတဲ့ဘဝမို့
ဘယ်သူတယောက်က
ကောင်ယူပြီး နမ်းချူချင်မှာလဲ...
ချစ်သူရယ်...။

ဒါပေမယ့်...
ပန်းခရေဘဝ မြေမှာခလို့
ဘယ်လောက်ပဲခြောက်သွေ့ခြောက်သွေ့
ပန်းချစ်သူတို့အပေါ်
ထာဝရမွှေးကြိုင်သင်းပျံ့တဲ့ရနံ့လေးကိုတော့
ပေးနေမြဲဆိုတာ
မင်းနားလည်ပါ...
ချစ်သူရယ်....။

နောက်ဆုံးအနေနဲ့
ငါတောင်းဆိုချင်ပါတယ်...
အလွမ်းဒဏ်သင့်နေတဲ့
ငါ့ကို
နောက်ပြီးမကျီစားပါနဲ့လို့.....။


၂၈-၄-၂၀၀၉

၇:၃၈ am

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP