တမြေ့မြေ့ကျွမ်း
စည်းဝါးမကိုက်တဲ့
တေးသွားတစ်ပုဒ်လို
ဘောင်ဘင်ခတ်နေတဲ့
ငါ့ရင်အစုံကို
ဘာတွေနှင့် ထိန်းချုပ်ထားရမလဲ
မောင်...။
ပြီးခဲ့ပြီဆိုပေမဲ့
အဆုံးမသတ်နိုင်သေးတဲ့
မြတ်နိုးမှုတွေရဲ့ကံကြမ္မာဟာ
ဒဏ်ရာတွေတဲ့လား
မောင်...။
မထင်ခဲ့မိဘူးလေ
ဒီိအဆုံးသတ်မှုဟာ
ငါ့နှလုံးသားကို လှိုက်လောင်စေတဲ့
မီးတစ်စ ဖြစ်မယ်ဆိုတာကို...။
ခုတော့
မပီမသ ငိုကြွေးသံတွေနှင့်
ရင်တွင်းကဗျာ ကာရံတွေမလှပ
ချစ်ခြင်းတစ်စ ကျိုးပျက်လို့
အသက်သွင်းရခက်တဲ့နှလုံးသားတစ်စုံ
ငါ ဘယ်မှာ မြှုပ်နှံရမလဲ
ချစ်သူ...။
၁၃.၅.၀၉
0 အကြံပြုချက်တွေ:
Post a Comment