Wednesday, May 13, 2009

မေ့မရပါ


မင်းကို
ငါ မြင်နေရပေမယ့်
တွေ့ခွင့်မရှိတဲ့ဘဝမှာ
ငါဟာ
ဘယ်လိုနေရမှာလဲ
ချစ်သူရယ်....။

မင်းကို
ငါက“ချစ်တယ်”လို့
ပြောချင်သေးတယ်...။

ဒါပေမယ့်...
မင်းမကြိုက်မှန်းကို
ငါကသိနေလို့
အဲဒီစကားတွေကို
မပြောဖြစ်တော့ဘူး...။

သူပြောသေးတယ်
“ဒီလွမ်းဆွေးမှုတွေဟာ
ကြာလာရင်လည်း
မေ့သွားမှာပါတဲ့”...။

ဒါပေမယ့်
အမှတ်တရများစွာနဲ့
ရင်မှာစွဲကျန်နေတဲ့
ငါ့ဘဝအတွက်တော့
မေ့သွားဖို့ဆိုတာ
လုံးဝမဖြစ်နိုင်တဲ့
အရာတွေပါ...။

ဘဝတလျှောက်လုံးမှာ
အချစ်ဆုံးဆိုတာလည်း
မင်းပါ...
အချစ်ဦးဆိုတာလည်း
မင်းပါ...
နောင်ဆုံးချစ်သူဆိုတာလည်း
မင်းပါ....။

ဒီဘဝမှာ
ဝေးသွားရရင်တောင်မှ
နောင်ဘဝဆက်တိုင်း
ပေါင်းဖော်ရဖို့
စိန္တေမြတ်ထံ
တောင်းဆုပန်တယ်
သူနဲ့သာလျှင်
ပေါင်းရပါစေလို့...။
-------------
၁၃-၅-၂၀၀၉
၉:၁၁ pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP