ထာဝရပါ
တမ်းတမိပါတယ်...
အမြဲတမ်းပျော်ရွှင်မှုကိုပေးခဲ့တဲ့
မင်းကိုလေ...။
မင်းနဲ့တရက်တာမျှ မတွေ့ရရင်
ငါ့ရဲ့ရင်မှာ
ဘဝပေါင်းများစွာဝေးနေရသလို
ခံစားနေရတယ်...။
မင်းနဲ့မတွေ့ရတဲ့ အချိန်လေးတွေမှာ
မင်းပေးခဲ့တဲ့
အနမ်းလက်ဆောင်တွေကို
တမ်းတရင်းနဲ့
ငါ့ရဲ့
အထီးကျန်နေ့ရက်တွေကို
ကျော်လွန်စေခဲ့တယ်...။
လေလှိုင်းပေါ်က
မင်းပေးခဲ့တဲ့ အနမ်းတွေ
လေပြေနဲ့အတူ လွယ်လွင့်တကူ
လွင့်ပျောက်သွားမယ်လို့
မင်းထင်လား...။
တကယ်တော့
ဒီအနမ်းတွေဟာ
ဒဏ္ဍာရီမဟုတ်ခဲ့လို့
ငါ့ရဲ့
အနက်ရှိုင်းဆုံးနှလုံးသားတနေရာမှာ
ထာဝရစွဲကျန်နေရတယ်...။
“ဘဝကို ချစ်တာတခုတည်းနဲ့
တည်ဆောက်လို့ ရမယ်လို့
မင်းထင်လား” ဆိုတဲ့
မင်းရဲ့အမေးစကားတွေက
ငါ့ရဲ့
နှလုံးသားတခုလုံးကို
တုန်လှုပ်စေခဲ့တယ်...။
ဟုတ်ပါတယ်..
မင်းရဲ့စကားကို
ငါနားလည်ပါတယ်...။
တကယ်တော့
ငါ့နဲ့မင်းရဲ့ကြားမှာ
တံတိုင်းတွေကာရံဝိုင်းနေတယ်ဆိုတာ
ငါ့ကြိုတင်ပြီး သိခဲ့တယ်...။
မင်းဘဝက
ကောင်းကင်ပြင်မှာ
ကြယ်တာရာတွေဝိုင်းရံပြီး
လှပတင့်တယ်နေတဲ့
ငွေလမင်းလို...။
ငါ့ဘဝက
မင်းရဲ့ဘဝ လှပထည်ဝါဖို့
ကြယ်စင်ကလေး တပွင့်လောက်တောင်မှ
အလင်းကို မပေးနိုင်သူပါ...။
“ငါဟာ
တသက်မှာ တယောက်အဖြစ်နဲ့
မင်းကိုချစ်တာပါ”လို့
ဘယ်လောက်ပဲပြောပြော
မသေချာတဲ့ဘဝတခုကို
ဖမ်းဆုပ်ကိုင်ထားတဲ့ ငါ့အား
“မုသားတွေဆိုနေပါလား”လို့
မင်းထင်မှာပါ...။
အဲလိုထင်မယ်ဆိုရင်လည်း
မင်းကို အပြစ်မဆိုရဲပါလို့
ငါ့ရဲ့ အတိတ်ဘဝက
သင့်ခဲ့တဲ့ကျိန်စာကြောင့်လို့
ငါခံယူပါတယ်...။
ရာသီတွေဘယ်လောက်ပြောင်းပြောင်း
ငါ့ရင်မှာ
မဟောင်းနွမ်းတဲ့ အချစ်တွေနဲ့
ထာဝရပဲ
“မင်း”ကိုဆက်ချစ်နေမှာပါ...။
၃၀.၄.၂၀၀၉
၁၁: ၂၀ pm
0 အကြံပြုချက်တွေ:
Post a Comment