ပိတောက်
ပိတောက်ဆိုတာ
သစ္စာမရှိတဲ့ပန်း...။
နွေအနမ်းကိုကျေုာ့ခိုင်း
ထင်ရာစိုင်းလို့
ရိုင်းချင်တိုင်းရိုင်းတတ်တာလဲ..
အဲဒီ ရွှေပိတောက်ပါပဲ..။
နွေကိုအကြိုမထောက်
့ ဖောက်လွှဲဖောက်ပြန်နှင့်
မူမမှန်တဲ့ပန်း..။
အကြိမ်ကြိမ် ပွင့်ချင်တော့လည်းပွင့်
မပွင့်ချင် ပြန်တော့လည်း မြုံလို့မြုံ...။
ယုံကြည်လို့မရတော့တဲ့ပန်း
နမ်းလိုသူတွေ
လွမ်းနေသူတွေ
တမ်းတနေသူတွေ ခမျာ...။
မြူးလှတဲ့ တန်ခူးလမှာ
ရှာပုံတော် ဖွင့်
တစ်ပွင့် ပန်ရနိုး
တစ်ခက်ပန်း ပိုင်နိုး
မျှော်ကိုးရင်း
အတုများကြား
စီးမျောခဲ့ကြ...။
၂၈-၃-၂၀၀၉
0 အကြံပြုချက်တွေ:
Post a Comment