သက်ဆိုင်သူသို့
မောင်....
ခုဆိုရင်
ရင်ခုန်ခြင်းရဲ့အစ
ချစ်ခြင်းရဲ့ နိဒါန်း
စွဲလန်းမှုတွေရဲ့ သန္ဓေတည်ရာ
အမှတ်ရစရာ နေ့ရက်များနှင့်
အလွမ်းတွေကိုလက်ကမ်းကြိုနေတဲ့
နွေဦးရဲ့ နံနက်ခင်းကို လှမ်းမြင်နေရပြီနော်......။
အလွမ်းတွေနဲ့ ပူလောင်နေတဲ့
ငါ့နံဘေးမှာ
နွေဦးရဲ့ လေပြေညှင်း က
ငါ့ကို လှောင်ပြောင်နေပြန်ပြီ............။
ရော်ရွက်ဝါတွေကလည်း
နွေလေဦးနဲ့အတူ
မြေပြင်မှာ ပြေးလွှားဆော့ကစားနေပြီး
ဥသြ ငှတ်ကလည်း လွမ်းတေးဆိုနေပြန်တယ်....။
မမျှော်လင့်ဘဲ
မောင်နဲ့ဆုံတဲ့ ဒီနွေဦးမှာ
ကျမအတွက် ခြောက်သွေ့နေတဲ့
ရော်ရွက်ဝါတွေဟာစိမ်းလမ်းစိုပြေလာသလို
ကျမ ရင်ထဲမှာ
ပျော်ရွှင်မှု သာယာမှုတွေနဲ့အတူ
ဒီနွေဦးက
ကျမအတွက် အထီးကျန် ဆန်ခြင်းတွေနဲ့
ကင်းလွတ်ခဲ့တယ်...။
တစ်ခါ တလေ
မောင်နဲ့မဆုံဆည်းရတဲ့ နေ့တွေဆိုရင်
အရာရာဟာ အဓိပါယ်မဲ့ပြီး
ကျမ သောက်နေကျ ဘလက်ကော်ဖီတောင်
ပိုပြီးခါးလာသလိုပဲ....။
ကျမဘ၀မှာ
မောင့်ကိုစွန့်လွှတ်ရမှာ အကြောက်ဆုံးပဲ...။
ကျမရင်ထဲမှာ
မောင်ရဲ့ အချစ်ကြိုးတွေနဲ့
ချည်နောင်နေပြီ
ရုံးထွက်လို့မရတော့ဘူး မောင်ရယ်............။
တစ်နေ့ပြီး တစ်နေ့
ကုန်ဆုံးသွားပေမယ့်
နှလုံးသားနဲ့ချည်တဲ့ကြိုးတစ်ချောင်းဟာ
မမြင်နီုင်ခဲ့ပေမဲ့
ကျမရင်ထဲမှာ ခိုင်မြဲနေပြီမောင်...........။
ကျမ အရမ်းပျော်တယ် မောင်ရယ်...
တစ်ခါတစ်လေ
ကျမ အတွေးထဲမှာ
မောင့်အချစ်နဲ့ ကျမ
မထိုက်တန်ခဲ့ပါဘူး...။
မောင်ရဲ့ အချစ်ကို
ကျမ လေးစားတယ် ။
တန်ဖိုးထားတယ်။
မောင့်ကို မြတ်နိုးတယ်။
မောင်က
ကျမကို အရမ်းဂရုစိုက်တယ်နော်...။
ကျမ တွေဝေနေရင်
မောင်ကျမကို
အပျော်တွေနဲ့အပြုံးတစ်ခုကို
မောင် ဖန်တီးပေးတယ်....။
ကျမပြုံးတဲ့ အချိန်တိုင်းမှာ
မိုနာလီဇာကတောင်
အရှုံးပေးးရတယ်လို့
မောင်က ပြောသေးတယ်။
တစ်ခါတစ်လေ
ကျမ အလှက
ကိုရီးယားမင်းသမီး အွန်စော ထက်တောင်
အလှပိုသေးတယ်လို့တောင်
ပြောသေး....။
ကျမက
ချစ်စရာမကောင်းပေမယ့်
ချစ်တဲ့အတွက် မောင့်ဘ၀ရဲ့
အကောင်းဆုံး အစိတ်အပိုင်းတွေက
တစ်ခုကို ပိုင်ဆိုင်ရတဲ့အတွက်
မောင့်ကို ကျေးဇူးတင်ပါတယ်....။
ဒါပေမယ့် ..
မောင်ရယ်......
မောင်နဲ့ဆုံတွေ့ခဲ့တဲ့
ဒီနွေဦးမှာ
မောင်ပေးခဲ့တဲ့ အချစ်ဆူးကြောင့်
နွယ်နီရင်မှာ
လွမ်းနေတယ်...။
27.march 2009
0 အကြံပြုချက်တွေ:
Post a Comment