Sunday, May 10, 2009

ရင်ထဲမှာ“နွေ”


ဥဩတွန်ကျူး
ခါနွေဦးမှာ
"မ"နဲ့"မောင်လေး"
ဆုံတွေ့ခဲ့တယ်။

နွေပြောင်းတော့မိုး
မိုးပြောင်းတော့ဆောင်း
ဆောင်းပြောင်းတော့နွေ
လှည့်ပြောင်းနေလည်း
မောင့်ရင်ထဲမှာ
မပြောင်းပါဘူး
ထာဝရပဲ"နွေ"ပဲကွယ်။

အကယ်၍များ
သူခွဲသွားလည်း
အဖော်တွေကင်း
တယောက်ချင်းဘဲ
အတိတ်ကိုမျှော်
ရင်မှာပျော်ရင်း
နွေနေလည်မှာ
ယောင်ချာချာနဲ့
ငှက်ဥဩလို
လွမ်းတေးဆိုရင်း
မနာအသည်း
ပြုံးပြုံးလေးနှင့်
ထာဝရပဲ
စောင့်နေမြဲပါ
ထာဝရပဲ
ချစ်နေမြဲပါ
ရင်ထဲမှာ "နွေ"။
၁၂-၀၃-၂၀၀၉

သက်ဆိုင်သူတစ်ယောက်အတွက်...

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP