အော်…နွေ…နွေ…နွေ…ရင်ထဲမှာနွေ
အိပ်စက်နေတဲ့ နှလုံးသားကို
နိုးထစေခဲ့တဲ့“နွေ”….
မလွမ်းတတ်တဲ့ လူတစ်ယောက်ကို
လွမ်းတတ်အောင် သင်ပေးခဲ့တဲ့“နွေ”….
မချစ်တတ်တဲ့ လူတစ်ယောက်ကို
ချစ်တတ်အောင် သင်ပေးခဲ့တဲ့“နွေ”….
မခံစားတတ်တဲ့ လူတစ်ယောက်ကို
ခံစားတတ်အောင် သင်ပေးခဲ့တဲ့“နွေ”….
အလွမ်းတွေဆိတ်သုည်းနေတဲ့
နှလုံးသားနန်းတော်တခုလုံးကို
အလွမ်းတွေလွှမ်းခြုံပေးခဲ့“နွေ”….
ငယ်ရွယ်သူရဲ့ နှလုံးသားကို
အချစ်နဲ့ဆော့ကစားခဲ့“နွေ”…..
သော့ခတ်ထားတဲ့ ငါ့နှလုံးသားကို
“Virus”တစ်ကောင်လို “Online”ကနေတဆင့်
ထိုးဖောက်ဝင်ရောက်ခဲ့တဲ့“နွေ”…..
ဝင်လာပါလို့ ပြောပြီးကာမှ
နှလုံးသားတံခါးကိုပိတ်ကာ အဝေးတနေရာကို
ထွက်ခွါသွားတဲ့“နွေ”….
သူပြောသေးတယ်..
“မောင်လေးဆီကို အမဖုန်းဆက်မယ်
တကယ်ပါတဲ့”
မမ“နွေနီ”စကား မောင်လေးယုံစားပြီး
“နွေနီ”ရဲ့ကတိ သစ်စာရှိတယ်လို့
မောင်လေးရင်မှာ ယုံကြည်စွာဖြင့်
ဖုန်းအနားမှ တစက်ကန့်မျှ
မခွါရက်ဘဲ သူခေါ်နိုးနိုး
မျှော်ကာကိုးရင်း ငုတ်တုတ်ကြီးထိုင်
ငေးမှိုင်မှိုင်နဲ့ နေ့ညမပျက်
လွမ်းရက်ဆက်နေ ရင်ထဲမှာ“နွေ”…..
တစ်ရက်လွန်မြောက် နောက်နေ့ရောက်သော်
“နွေနီ”မမ ပြုံးစစနဲ့
ငယ်ရွယ်သူလေး ဒီမောင်(ကောင်း)လေးကို
လှည်းစားနေတာ သိနေပါလည်း
အပြုံးချိုမြ သူ့အလှအောက်က
ရုန်းထွက်ဖို့ရန် ကြိုးစားပြန်တော့
အတိတ်ဟောင်းက
မမ“နွေနီ” လှမဒီရဲ့
အနုအရွ စကားလှကို
မမေ့ရဲဘူး အချစ်ဦးမို့
ထာဝရပဲ ဆက်ချစ်မြဲပါ
ရင်ထဲမှာ“နွေ”…..
အခုတော့…
ဟိုတုန်းက…လွမ်းဆွေးရမှာကိုကြောက်ခဲ့တဲ့
ငါဟာ
“နွေ”မမ ရဲ့သင်ပေးမှုကြောင့် လွမ်းဆွေးခြင်းဆိုတာ
ငါ့ဘဝရဲ့ အဖော်မွန်ပါ ရင်ထဲမှာ“နွေ”….
ငါ့ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ
သာယာလှပတဲ့ “နွေ”မမ အတွက်
ခါးတမာလိုဖြစ်နေရင်လည်း
နောက်ဆုတ်ရုတ်သိမ်းလို့မရတဲ့
မောင်လေးရဲ့အချစ်အတွက်
ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်
မောင်လေးအသည်းလေး
ရင်ထဲမှာ“နွေ”….
မောင်လေးဘဝထဲ မဝင်ရဲလို့
အဝေးတနေရာ “နွေ”ထွက်ခွါပြီး
တပါးရင်ခွင် ခိုနားဝင်လည်း
မောင်လေးအချစ်လေး “နွေနီ”လေးကို
အပြစ်မဆိုဘူး အချစ်ဦးမို့
“နွေနီ”လေးသာ စိတ်ချမ်းသာရင်
ပြုံးပြုံးလေးနဲ့ ခွင့်လွှတ်မြဲပါ
ထာဝရပဲ ရင်ထဲမှာ“နွေ”…..
တပါးရင်ခွင် မပျော်ရွှင်တဲ့
နေ့တရက်မှာ “နွေ”ကိုချစ်သူ
အချစ်ဦးဆီ လာလှမ်းခဲ့ပါ
အပြစ်မမြင်ဘူး ချစ်ဦး“နွေ”အတွက်
နှလုံးသားတံခါး မြဲဖွင့်ထားပြီး
ထာဝရပဲ ကြိုနေမြဲပါ…
ထာဝရပဲ ချစ်နေမြဲပါ..
ထာဝရပဲ စောင့်မျှော်မြဲပါ..
ထာဝရပဲ လွမ်းနေမြဲပါ…
သက်ဆုံးတိုင်လေ
ရင်ထဲမှာ“နွေ”…..
အချစ်ဆုံးမမအတွက်.....
မောင်လေး
0 အကြံပြုချက်တွေ:
Post a Comment