အလွမ်းည (၃)
“အချစ်ဆိုတာ
ပန်းရိုင်းပွင့်လိုပဲ
နေရာတိုင်းမှာ
ပွင့်တတ်ကြတယ်”ဆိုပေမယ့်
ငါ့ရင်ထဲကအချစ်ပန်းတွေဟာ
မင်းရဲ့နှလုံးသား ဥယျာဉ်ထဲကလွဲပြီး
ဘယ်နေရာမှာမှမပွင့်ခဲ့သလို
နောက်ထပ်လဲ
ဘယ်ဥယျာဉ်ထဲမှာမှ
ပွင့်တော့မှာမဟုတ်ပါ...။
မမြင်နိုင်ပေမယ့်
ခိုင်မာစွာနဲ့နှောင်ဖွဲ့ထားတဲ့
သံယောဇဉ် နှောင်ကြိုးတွေကို
ငါဖြေလို့မရတော့ပါ....။
အဲဒါကြောင့်လဲ
လူတွေကတိတ်ဆိတ်
ကြယ်ကလေးတွေကကြွယ်
အမှောင်တွေနဲ့ပြည့်လျှံနေတဲ့
အ,ကာလမှာ
ငါဟာ..
မင်းကိုလွမ်းလို့
တယောက်တည်းထိုင်ပြီး
ငိုရှိုက်နေတဲ့အသံတွေကို
မင်းတော့ကြားနိုင်မှာမဟုတ်ပါ...။
မင်းကိုသတိရတိုင်း
မင်းပေးထားတဲ့ဓာတ်ပုံတွေကို
ကြည့်လိုက်တဲ့အခါ
အပြုံးတွေဝေနေတဲ့ မင်းကို
ငါမြင်လိုက်ရတော့
ငါ့ရဲ့အလွမ်းညတွေအတွက်
မင်းအပြုံးက
ငါ့ကို နှစ်သိမ့်စေလေရဲ့...။
အသွင်မတူလို့
အတူမနေရတဲ့ဘဝမျိုးနဲ့
ငါဘယ်လောက်ထိများ
မင်းကိုလွမ်းရအုံးမှာလဲ
ချစ်သူရယ်....။
...............
24-6-2009
2:15 pm
0 အကြံပြုချက်တွေ:
Post a Comment