Monday, June 22, 2009

အလွမ်းည(၂)


အလွမ်းတွေရင်မှာအပြည့်နဲ့
ငါဟာ
မင်းအသံကိုကြားချင်လို့
တနေကုန်စောင့်ပြီး
တညလုံးမျှော်နေမိတယ်...။

မင်းမလာတော့ဘူးဆိုတာ
ငါသိနေတာတောင်မှ
ငါရဲ့စိတ်အသိထဲမှာ
မင်းလာလိမ့်မှာပဲလို့
မျှော်လင့်တကြီးနဲ့
သန်းခေါင်ကျော်ထိ
ငါစောင့်နေဆဲပါ...။

အချိန်လွန်လို့
အိပ်ချိန်တန်ရင်တောင်မှ
ငါ့ရဲ့မျက်လုံးအစုံကိုမှိတ်လိုက်တိုင်း
မင်းရဲ့ပုံရိပ်တွေက
ငါ့ကိုလာပြီးပြုံးပြနေလေရဲ့...။

အနေဝေးနေပေမယ့်
ငါ့ရဲ့အတွေးတွေက
မင်းဆီမှာပဲရောက်နေရတယ်...။

ငါတိုင်တည်တဲ့သစ္စာတွေ
မင်းနဲ့ဘဲ ထာဝရဆုံနိုင်ပါရစေလို့....။

..................
၂၂-၆-၂၀၀၉
၂၃:၅၅ pm

0 အကြံပြုချက်တွေ:


About This Blog



  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP