အလွမ်းည (၁)
မင်းကိုလွမ်းလို့
အိပ်ပျက်ညတွေဆိုတာ
ငါ့ဘဝမှာတော့
ဘယ်ဆန်းတော့မှာလဲ...။
အလွမ်းဒဏ်တွေကို
အလူးအလိမ့်ခံရင်းနဲ့
မင်းမလာတော့ဘူးဆိုတာ
ငါသိရက်သားနဲ့
မင်းကိုငါဟာ
တညလုံးထိုင်ပြီး
Online ကနေ
စောင့်နေမိတယ်...။
တခါတလေ
ငါစဉ်းစားမိတတယ်..
“မင်းကိုမုန်းပစ်နိုင်လိုက်ရင်
သိပ်ကောင်းမှာပဲ”လို့လေ....။
ဒါပေမယ့်..
မင်းနဲ့ပတ်သက်လို့
အမုန်းဆိုတဲ့စကားတွေဟာ
ငါ့နှလုံးသားမှာ
ရပ်တည်ဖို့နေရာတွေမှ
မရှိတာကို....။
အလွမ်းညတွေကို
ငါတယောက်တည်း
မှိုင်ငေးတွေးပြီး
ဘယ်လောက်ထိများ
ဖြတ်သန်းရအုံးမှာလဲ
ချစ်သူရယ်....။
မင်းကိုငါလေ
တသက်လုံးပိုင်ဆိုင်ခွင့်
မရှိရင်တာင်မှ
တခဏလောက်တော့
တွေ့ဆုံခွင့်ရပြီး
စကားတွေပြောချင်သေးတယ်...။
ဘယ်ဘဝက
ကျိန်စာတွေသင့်လို့
ချစ်သူနဲ့ဝေးပြီး
အလွမ်းတွေရင်မှာအပြည့်နဲ့
ငါပေးဆပ်နေရတာလဲ...။
နောင်ဘဝတွေဆိုတာ
ငါအတွက်အမှန်ရှိခဲ့ရင်လေ
ဘဝဆက်တိုင်းမှာ
မင်းနဲ့ပဲပြန်တွေ့ချင်တယ်...။
ဒါပေမယ့်..
အခုလိုမျိုး
အလွမ်းသမားဘဝနဲ့တော့
ထာဝရဝေးပါရစေ
ချစ်သူရယ်...။
............
၂၂-၆-၂၀၀၉
၂:၀၉ pm
0 အကြံပြုချက်တွေ:
Post a Comment