လွမ်းမျက်ရည်ဖြင့် ဇာတ်သိမ်းခမ်း (၁)
ငါက မင်းကို
ပိုင်ဆိုင်ခွင့်မရှိတော့ဘူးဆိုတာကို
သိလိုက်ရပြီးတဲ့နောက်မှာ
မင်းနဲ့ဝေးဝေးကိုထွက်ပြေးဖို့
ငါအဖန်ဖန်ကြိုးစားခဲ့တယ်…။
ဒါပေမယ့်
မင်းရဲ့သံယောဇဉ်
နှောင်ကြိုးတွေအောက်က
ငါရုန်းမထွက်နိုင်တော့သလို
မင်းကိုမှချစ်ချင်နေတဲ့
ငါ့ရဲ့သံယောဇဉ်
နှောင်ကြိုးတွေကိုလည်း
ဖြတ်တောက်လို့မတော့ပါ…။
အကယ်၍
မင်းက ငါ့ကို
ပျော်ရွှင်မှုတခုအတွက်
ရည်ရွယ်ပြီးချစ်ခဲ့ရင်လည်း
အချစ်ဆိုတာကို
ဘာမှမသိခဲ့တဲ့ငါအား
အချစ်ဆိုတဲ့အနှစ်သာရကို
တစိတ်တဒေသပေးခဲ့လို့
မင်းကိုအပြစ်မဆိုရဲပါ…။
ဟို..တုန်းကဆိုရင်
ပျော်ရွှင်စရာတွေနဲ့ပြည့်လျှံနေတဲ့
ငါတို့ဘဝတွေ
အခုချိန်မှာတော့
ကျိန်စာသင်နေတဲ့ဘဝနဲ့
အလွမ်းတွေနဲ့ပဲ
ဖုံးလွှမ်းနေရပြီပဲ….။
…………..
၁၈-၆-၂၀၀၉
၁၀:၄၄ am
0 အကြံပြုချက်တွေ:
Post a Comment